အသက် (၁၅) နှစ်အရွယ် မြန်မာ့လက်ရွေးစင် 'မင်းအမရာဝတီ' ဟာ ဥဇဘက်ကစ္စတန်မှာ ကျင်းပခဲ့ တဲ့ (၄၆) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာ့စစ်တုရင်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအမျိုးသမီး WFM (Woman FIDE Master) Title ကို ဆွတ်ခူးလိုက်နိုင်ခဲ့ပါပြီ။ တစ်ရက်ကို အနည်းဆုံး ငါးနာရီလောက် နေ့စဉ်ရက်ဆက် နှစ်နဲ့ချီအောင် ကြိုးစားလေ့ကျင့်ခဲ့တဲ့ မင်းအမရာဝတီရဲ့ ကြိုးစားမှုတွေက ခုလို အောင်မြင်မှုတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မင်းအမရာဝတီချစ်တဲ့ စစ်တုရင် အားကစားကို သူ ဘယ်လို လေ့ကျင့်အားထုတ်ခဲ့ရသလဲဆိုတာ ကြည့်ကြရအောင်။ #DuwunLifestyle #WFM #24thASEAN+AgeGroupChessChampionships2026 #MinAmaraWati #WomanFIDEMaster
မြန်မာ့စစ်တုရင်သမိုင်းကို စံချိန်သစ်တင်လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး
မူရင်းသတင်း — Duwun