Xinhua Myanmar

တရုတ်နိုင်ငံ၏ "ကြွေထည်မြို့တော်" ကျင်တယ်ကျန့်က မြို့ကြီးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာလုံးဆိုင်ရာဆု ဆွတ်ခူး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျန့်မြို့ ထောင်ယန်လီ သမိုင်းဝင်၊ ယဉ်ကျေးမှုလမ်းဇုန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ကမ္ဘာ့မြို့ကြီးများနေ့ ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျိုးမြို့၌ အောက်တိုဘာ ၃၁ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၏ "ကြွေထည်မြို့တော်" ကျင်တယ်ကျန့် အပါအဝင် မြို့ ၅ မြို့သည် ရှန်ဟိုင်းဆုဟုလည်း လူသိများသည့် ၄ ကြိမ်မြောက် မြို့ကြီးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာလုံးဆိုင်ရာဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ မြို့ကြီးများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများအတွက် ပေးအပ်သည့် ရှန်ဟိုင်းဆုကို ကျင်တယ်ကျန့်မြို့အပြင် အီသီယိုးပီးယားနိုင်ငံမှ အက်ဒစ် အဘာဘာ၊ ကိုလံဘီယာနိုင်ငံမှ ဆန်တီယာဂို ဒီကာလီ၊ တူကီယဲနိုင်ငံမှ အစ္စတန်ဘူလ်နှင့် ပိုလန်နိုင်ငံမှ ကာတိုဝိုက်စ်မြို့တို့လည်း ဆွတ်ခူးရရှိခဲ့ကြသည်။ Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261031/635bb6a473784fbeadaff489573565c8/c.html

.................................

(English Version)

China's "porcelain capital" wins Global Award for Sustainable Development in Cities

FUZHOU, Oct. 31 (Xinhua) -- The global observance of 2026 World Cities Day was held on Saturday in east China's Fuzhou, with five cities, including China's "porcelain capital" Jingdezhen, honored with the fourth-cycle Global Award for Sustainable Development in Cities, also known as the Shanghai Award.

The event runs from Oct. 31 to Nov. 2. Apart from Jingdezhen, the other four recipients of the Shanghai Award, which recognizes cities for achievements in sustainable urban development, are Addis Ababa in Ethiopia, Santiago de Cali in Colombia, Istanbul in Türkiye, and Katowice in Poland.

https://english.news.cn/20261031/635bb6a473784fbeadaff489573565c8/c.html

Photo caption: This file photo shows a view of the Taoyangli Historical and Cultural Block in Jingdezhen, east China's Jiangxi Province. (Xinhua)

မူရင်းသတင်း — Xinhua Myanmar