
#Local_News
Published 02 November 2026
■ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ပြသထားသည့်ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓသာသနာတော် ဆိုင်ရာသမိုင်းဝင်အမွေအနှစ်များကို ပြသထားသည့် ပြကွက်နှင့်ပြခန်းများကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များတွင်အများပြည်သူများကြည်ညိုနိုင်ရန် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓသာသနာတော် ဆိုင်ရာသမိုင်းဝင်အမွေအနှစ်များကို ပြသထားသည့် ပြကွက်နှင့် ပြခန်းများကို ယမန်နေ့နံနက်ပိုင်းက မရန်းကုန်းမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးနှင့် ရဟန်းရှင်လူမိဘပြည်သူ (၇၀၀) ကျော် စုစုပေါင်း လေ့လာဖူးမြှော်သူ (၁၀၀၀) ကျော် လာရောက်လေ့လာဖူးမြော်ကြကြောင်း သိရသည် ။
#YMG/NN #Yangon_Times