Myanmar Transparency News

ဝဇီရာကဇာတ်ရုံမှာ ပြုလုပ်ခဲ့တဲ့ Suspense Thriller ဇာတ်လမ်းပုံစံ “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီး  Family Show ကျင်းပ

၂.၁၁.၂၀၂၆
Written By Thandar 

မှော်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် Suspense Thriller ဇာတ်လမ်းပုံစံ “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဖွေးက ဒီရုပ်ရှင်ဇာတ်ကားမှာ မိုးမြင့်စံ ဆိုတဲ့ နည်းနည်းမောက်မာတဲ့ မိန်းကလေးတစ်ယောက်ပုံစံ သရုပ်ဆောင်ထားပါတယ်။ မမစံ ဆိုတဲ့ အထက်တန်းလွှာက မိန်းကလေးက ကြောက်စရာကောင်းတာတွေ ဇာတ်အလှည့်အပြောင်းတွေ မြင်ရမှာပါ”လို့ အကယ်ဒမီ ဖွေးဖွေးကပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ  မင်းဆက်သစ်က ဇာတ်လမ်း အစ၊ အလယ်၊ အဆုံး အသည်းတယားယား၊ ရင်တမမနဲ့ သရုပ်ဆောင် နေတိုး၊ ဖွေးဖွေး၊ ဝင်းသပြေထွန်း၊ ချာလီ၊ ဒီး၊ ခင်ဇာခြည်ကျော် စတဲ့ အနုပညာရှင်များစွာ ပါဝင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုအကြာမှ သရုပ်ဆောင် နေတိုးနဲ့ ဖွေးဖွေးတို့ ပြန်လည်ဆုံတွေ့ကြရိုက်ကူးတဲ့ကားလည်း ဖြစ်ပါတယ်။

“Suspense ကိုမှ Thriller နဲ့ ပေါင်းစပ်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လေးပါ။ ကျွန်တော် တကယ်ကို လေးစားအားကျရတဲ့ အကယ်ဒမီများရှင်တွေဖြစ်တဲ့ ကိုနေတိုး၊ မဖွေးတို့ ရိုက်ကူးခွင့်လို့ ပီတိဖြစ်ရပါတယ်။ ဒါ့ပြင် မကိရဲ့ သရုပ်‌ဆောင်မှုတွေနဲ့ ဒီကားမှာ မဖွေးဖွေးရဲ့ ချစ်ရတဲ့သမီးလေး Cruella ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘယ်လို မတန်မရာဘဝကို လိုချင်ခဲ့လို့ ဘယ်လိုပြုတ်ကျရမှာလဲဆိုတာကို အသည်းတယားယား ရင်တမမ ကြည့်ရှုကြရမှာပါ”လို့ ဒါရိုက်တာမင်းဆက်သစ်က ပြောပါတယ်။

#အကယ်ဒမီနေတိုး #အကယ်ဒမီဖွေးဖွေး #ဝင်းသပြေထွန်း #NayToe #PhwayPhway #MinSet #CharLi #Dee #WinThapyayTun  #MyanmarActor #မတန်မရာရုပ်ရှင်ဇာတ်ကားကြီး #𝐔𝐍𝐖𝐎𝐑𝐓𝐇𝐘  #မှော်ရုပ်ရှင်ထုတ်လုပ်ရေး #MTEntertainment.

မူရင်းသတင်း — Myanmar Transparency News