
MT News
၃. ၁၁. ၂၀၂၆
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါ အထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) သို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာ (၅)ဦးအား ခြင်ဆီ အစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ရာ လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာ ၂၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာ(၅)ဦးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လှိုင်မြို့နယ်မှ ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဟိုပန်မြို့နယ်မှ ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သာကေတမြို့နယ်မှ ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးမြို့ နယ်မှ ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် (၃)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၃)ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄)ဦး၊ ၂၀၁၉ ခုနှစ်တွင် (၁)ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် (၁)ဦး၊ ၂၀၂၄ ခုနှစ်တွင် (၃)ဦး၊ ၂ဝ၂၅ ခုနှစ်တွင် (၁၀)ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ (၁၃)ဦး စုစုပေါင်း (၃၈)ဦးကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။