Myanmar National Post

NUG မှ ခိုးသား ၅၀၀





တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်ပြီး နီပိန်းလူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် ခိုင်းစားနေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေ အကြမ်းဖက်လှုံ့ဆော်သူတွေကြား ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ မကြာခဏ ပြဿနာတွေ ပေါ်ပေါက်ပါတယ်။

၂၀၂၃ မှာဆိုရင် စင်ကာပူကနေ ခွက်ခေါက်တဲ့ အိုင်းရင်းဆိုတဲ့ အမျိုးသမီးနဲ့ အမေရိကန်ကို ရောက်နေတဲ့ ပန်ဆယ်လို (ခ) အပျံမတို့ အလှူငွေကောက်ခံရရှိမှု၊ ပြန်လည်ပေးပို့လှူဒါန်းမှု စာရင်းမကိုက်လို့ တစ်ယောက်နဲ့ တစ်ယောက် ဖေတော့မောင်တော့ အောက်လုံးထိုးကြသည်အထိ ပြဿနာအကြီးအကျယ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မျိုးရန်နောင်သိန်း ဆိုတဲ့ မုဒိမ်းကောင် က ပန်ဆယ်လိုဘက်ကနေ ဝင်ရောက်ကာကွယ်ပေးလို့ စင်ကာပူ အိုင်းရင်းက မျိုးရန်နောင်သိန်း သူ့ဆီက ပိုက်ဆံယူသွားပြီး အလွဲသုံးစားလုပ်ခဲ့ပုံကို ရိုင်းစိုင်းစွာ ဖော်ထုတ်ပြောဆိုသည်အထိ ဖြစ်ခဲ့ပါတယ်။

စင်ကာပူ အိုင်းရင်း က ငွေကြေးကိစ္စတွေ ဖော်ထုတ်ပြောဆိုရင်း သူထောက်ပံ့ပေးနေတဲ့ အကြမ်းဖက်အုပ်စုတွေကို တပ်မတော်က ရှင်းလင်းဆောင်ရွက်မှုတွေ လုပ်လာတဲ့အခါ NUG က သတင်းပေးပြီး ရှင်းခိုင်းနေတာပါ ဆိုသည်အထိ အမေရိကန်ရောက် NUG ပြည်ပြေး ဝရမ်းပြေးအဖွဲ့က ပုဂ္ဂိုလ်တွေကို နာမည်တပ် ဆဲဆိုသည်အထိ ဖြစ်ခဲ့ပါတယ်။ ဒေါ်စုဓာတ်ပုံကို နောက်ခံထားပြီး ခွက်ခေါက်ခဲ့တဲ့ အိုင်းရင်း အကြမ်းဖက်အုပ်စုတွေထံ ဘယ်လောက်အထိ ထောက်ပံ့ပေးခဲ့သလဲတော့ မသိပါဘူး။ အမေရိကန်ရောက် ခွက်ခေါက်များက အိုင်းရင်းကို အုပ်လိုက်ဝိုင်းကိုက်လိုက်ကြတဲ့အခါ အိုင်းရင်းလည်း ခွက်ပျောက်သွားပါတော့တယ်။ သူလည်း ၂နှစ်နီးပါး ခွက်ခေါက်ပြီး အကျိုးအမြတ်တော်တော်များတော့ ရလိမ့်မယ်လို့ ယူဆရပါတယ်။

NUG အကြမ်းဖက်အဖွဲ့အတွက် ကမ္ဘာပတ်ပြီး ခွက်ခေါက်သူများထဲမှာ ပန်ဆယ်လို (ခ) အပျံမက ရုပ်အခံနဲ့ လုပ်ကြံပြီး ငွေအများဆုံးရှာနိုင်သူလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အပျံမ က ပြည်ပြေး ဝရမ်းပြေး မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဇင်မာအောင် အစရှိသော NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူတွေကိုပါ လစာထောက်ပံ့ပေးနိုင်သည်အထိ ရှာပေးနိုင်စွမ်းရှိတယ်လို့ ယူဆရပါတယ်။ အပျံမ အလှူငွေတွေကို အလွဲသုံးစားလုပ်နေလို့ ဝေဖန်ထောက်ပြကြတဲ့အခါ NUG က ကောင်တွေ၊ ကောင်မတွေ တစ်ခွန်းမှ ဝင်မပြောရဲကြပါဘူး။ အပျံမ အလွဲသုံးစားလုပ်နေပုံတွေကို ဒေါက်တာကျော်နိုင် ဆိုသူက အချက်အလက်တွေနဲ့ ထောက်ပြပြောဆိုခဲ့သည်တိုင်အောင်လည်း အပျံမကတော့ ပန်းပန်လျက်ပါပဲ။ 

အပျံမရဲ့ ခွက်ခေါက်အစွမ်းကလည်း အံ့မခန်းပါပဲ။ ခေါင်းစဉ်မျိုးစုံ သုံးပြီး ငွေရအောင် နည်းအမျိုးမျိုးနဲ့ ခွက်ခေါက်ပေးခဲ့သူ ဖြစ်ပါတယ်။ မန္တလေးက ကျောက်သူဌေးတစ်ယောက်တောင် အပျံမထံ အလှူငွေတွေပို့နေလို့ အဖမ်းခံခဲ့ရပါတယ်။ အပျံမက sexural ရုပ်သံတွေ ပို့ပြီးတော့ ကျောက်သူဌေးထံက ငွေခြူသလားတော့ မပြောတတ်ပါဘူး။ ကျောက်သူဌေးတစ်ဦး အကြမ်းဖက်အားပေးမှုနဲ့ ထောင်နန်းစံသွားခဲ့ရတယ်။ မြန်မာပြည်မှာ နီပိန်း အသိုက်အဝန်းက ကြီးလွန်းတဲ့အခါကြတော့ အပျံမက လက်ဝတ်ရတနာအတုတွေကို တော်လှန်ရန်ပုံငွေအတွက်ပါဆိုပြီး ရောင်းတယ်။ နီပိန်းတွေက အားပေးကြတယ်။ လပိုင်းလောက်ကြာမှ အပျံမ ရောင်းတဲ့ လက်ဝတ်ရတနာတွေဟာ အတုတွေဖြစ်နေမှန်း သိကြပြီး လူမှုကွန်ရက်ပေါ် တက်ပြောကြတာမျိုးပါ။ အပျံမက အေးဆေး၊ ငွေရပြီးပြီပဲ။ ဘာမှ တုန့်ပြန်မနေဘူး။ ၅နှစ်တာကာလ အပျံမ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေရှာခဲ့တာ သန်းပေါင်းများစွာ ရလိမ့်မယ်။ 

မြန်မာပြည်ထဲမှာ အသက်ခန္ဓာနဲ့ရင်းပြီး သေပွဲဝင်ခဲ့ကြတဲ့ နီပိန်း ပဒက်တွေထံ ဘယ်လောက်ရောက်သလဲတော့ မပြောတတ်ပါဘူး။ အပျံမ က အမေရိကန်မှာ အိမ် ၂လုံးတောင် ဝယ်နိုင်ခဲ့တယ်။

ယခုတလော လူမှုကွန်ရက်စာမျက်နှာမှာ မြင်တွေ့နေရတဲ့ ပြဿနာက မျိုးရန်နောင်ဒိမ်း နဲ့ အပျံမ အပြန်အလှန် ဖောင်းထုနေတဲ့ ပြဿနာပါ။ အကြောင်းကတော့ အလှူငွေကိစ္စပါပဲ။ အပျံမက မျိုးရန်နောင်သိန်း အကြောင်းသိတော့ မျိုးရန်နောင်ဒိမ်းလို့ ခေါ်ပါတယ်။ မျိုးရန်နောင်သိန်း ဆိုတာ ကျောင်းမတက်နဲ့ ကျောင်းထွက်၊ စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ အကြမ်းဖက်လှုံ့ဆော်သူတစ်ဦးပါ။ 

ပြဿနာကို စခဲ့တာက မျိုးရန်နောင်ဒိမ်း ပါ။ သူတို့မှာက ပြည်ပြေး ဝရမ်းပြေး အချင်းချင်းမှ ရန်ပတ်မဖြစ်ရင် ဖြစ်စရာလူက မရှိဘူး။ ပြည်တွင်းမှာ ရှိတဲ့ နီပိန်း ပဒက် ငမိုက်သားလေးတွေကို မြှောက်ပေးလိုက်၊ အချင်းချင်း ခွက်စောင်းခုတ်လိုက်၊ ဒါက သူတို့အလုပ်ပဲ။

မျိုးရန်နောင်ဒိမ်း က "ပန်ဆယ်လိုနဲ့ ဆယ်လီအပေါင်းအပါတစ်ချို့က တော်လှန်ရေးအတွက်မလုပ်ပေးခဲ့ဘူး မဟုတ်ဘူး ၊ လုပ်ပေးခဲ့တယ်။ အဲဒီအတွက်ကျေးဇူးတင်တယ်။ ဒါပေမယ့် သူတို့က၊ သူတို့ကပဲတော်လှန်ရေးရဲ့အဆုံးအဖြတ်လို့မြင်လာကြတယ်။ ဆိုရှယ်မီဒီယာခေတ်မှာ followers အားကိုးနဲ့ လူတကာကို အနိုင်ကျင့်ဖို့ကြိုးစားလာကြတယ်။ NUG ကို လည်ပင်းညှစ်ပြီး သူတို့ထားရာနေ ၊ စေရာသွားလုပ်ဖို့ကြိုးစားလာကြတယ်။ အာနိုးမျိုးတင့်၊ ခန့်ကိုတို့ ကျောရိုးမဲ့ ဆယ်လီအုပ်စုဟာ ဘယ်လောက်အထိ NUG ကိုတိုက်ခိုက်ခဲ့လဲ ၊ NUG ကို ပြည်သူတွေ အယုံအကြည်ကင်းမဲ့အောင်လုပ်ခဲ့လဲ စာဖတ်နေသူတွေအားလုံးသိတယ်။ မကြည်ပြာကိစ္စမှာ သူတို့ရဲ့ကြောင်လက်သည်းဝှက်တွေက ဖုံးမရဖိမရပေါ်လွင်တယ်။ သူတို့က ဘယ်လောက်အထိအတင့်ရဲလာသလဲဆိုရင်  မင်းခိုက်စိုးစန်လို သတင်းပေး ၊ ဒလံကောင်ကို သူရဲကောင်းတင်မြှောက်ဖို့အထိဖြစ်လာတယ်။" လို့ ရေးပါတယ်။

အဲဒီနောက်မှာ မျိုးရန်နောင်ဒိမ်း က သူ့ကိုယ်သူ တော်လှန်ရေးသမားကြီးလို့ ကိုယ်ရည်သွေးပြီး "ကျုပ်ဘယ်လောက် ဒေါသထွက်၊ စိတ်တိုနေပါစေ ပန်ဆယ်လို နှင့် အပေါင်းအပါတွေကို သူတို့လို အောက်တန်းကျကျတိုက်ခိုက်ဖို့ဆိုတာ စိတ်ကူးထဲတောင်ပေါ်မလာခဲ့ဘူး။ ကျုပ်ရဲ့ တော်လှန်ရေးသမားဘဝဖြတ်သန်းမှုတလျောက်  အဲ့ဒီလောက်အဆင့်အတန်းနိမ့်ပါးသူတွေကို လုံးဝမကြုံတွေ့ဖူးဘူး။ အဲ့ဒီလိုလူမျိုးတွေဟာ အကြမ်းဖက်လူယုတ်မာတွေကြားထဲမှာပဲ ရှိမယ်လို့ ယုံကြည်ခဲ့တယ်၊ တော်လှန်ရေးထဲမှာ ရှိလာလိမ့်မယ်လို့ ယောင်လို့တောင်မတွေးကြည့်ဖူးဘူး။ အင်မတန်မှ ရွံရှာမိတယ်" လို့ ထပ်မံပြောဆိုပြန်ပါတယ်။

ရိုင်းတဲ့နေရာမှာ နှစ်ယောက်မရှိ၊ သူ့အမေအရွယ်ကိုတောင် ဖေတော့မောင်တော့ ပြောခဲ့တဲ့ အပျံမကလည်း ဘယ်ခံလိမ့်မလဲ။ ခွက်ခေါက်ဘုရင်မဘွဲ့ခံ အပျံမရဲ့ တုန့်ပြန်မှုပုံစံက နည်းနည်းတော့ ကြမ်းတယ် -

"မျိုးရန်နောင်သိန်းက တကယ်ဖာကျတဲ့ မအေလိုးနော်။ ဒီည မအားလို့ အများကြီး မရေးနိုင်ပေမယ့် သူရေးထားတဲ့အထဲမှာ ပါတဲ့ ကိုယ့်ရဲ့ မြန်မာပြည်ကအိမ် ဝယ်တာ Cash Down လား ဘဏ်ကြွေးရှိလားဆိုတာက အရင်ကဆို သူသိနိုင်စရာ မရှိဘဲ ရမ်းရေးတယ်လို့ ထားလိုက်လို့ ရသေးတယ်။ အခုက ကိုပေါ်တို့နဲ့ Meeting ချိန်းတဲ့နေ့ရဲ့ မနက်ပိုင်း ဒီလူနဲ့ သုံးနာရီလောက် ဖုန်းပြောတဲ့အချိန်မှာ စကားစပ်မိလို့ ဥပမာ ပေးတဲ့အနေနဲ့ ကိုယ့်ရဲ့ ရန်ကုန်အိမ်ငွေပေးချေမှုကိစ္စ သူ့ကို ပမာဏတွေပါ ပြောပြမိသေးတယ်။ အဲ့ဒါကို သူသိလျက်နဲ့ Facebook မှာ အဲ့ကိစ္စကြီး ထိုးချရပြီးရော ထည့်ရေးတာ။ ကိုယ့်ကို စကားမမှန်တဲ့ မတည်တဲ့လူလို ပုံဖော်ဖို့အတွက် ကိုယ်တွေနှစ်ယောက်တည်းပြောတာ ဘယ်သူမှ မသိပါဘူးဆိုပြီး ယောက်ျားသိက္ခာမှ မထောက် စကားကို ဖာကျတာ။ ကိုယ်က ဒီကောင့်ကို ရေးတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဆိုမာလီငြိမ်းချမ်း ဇောင်းထတဲ့ကိစ္စကို ရေးတာ၊ သူက ပလိန်းကြီး ထနာပြီး ထဖြစ်တာ။ အစကတော့ ဒီကောင့်ကို စောက်ပေါဆိုတဲ့စကားပဲ အရိုင်းဆုံးသုံးခဲ့တာ။ အခု ဒီလိုဖာကျလို့ကို မအေလိုးလို့ ဒဲ့ဆဲတာ။ ကိုယ့်မှာ ရန်ဖြစ်ရရင် အောက်တန်းစားတွေနဲ့ချည်းပဲ။ အရင်အောက်တန်းစား မဟုတ်တောင် ကိုယ်နဲ့ရန်ဖြစ်ရင် နိုင်ရပြီးရော ပုတ်ခတ်ပြီး အောက်တန်းစားတန်း ဆင်းကုန်ကြရော။ တော်လှန်ရေးဘက်ကလူအချင်းချင်း နိုင်ရပြီးရော အဲ့လောက်ဖာကျရလား မအေလိုးရေ" ဆိုပြီး ဗျင်းပါလေရော။

အပျံမရဲ့ နောက်ဆက်တွဲတွေက တသီကြီးပါပဲ။

နောက်တစ်ခု "သူတော်ကောင်းယောင်ဆောင်၊ ပန်းနုသွေး၊ ကိုယ့်ကိုကျ လူရိုင်းတံဆိပ် ကပ်ချင်တယ်။ မျိုးရန်နောင်သိန်းက ကိုယ့်ကို သူခိုးစွဲတဲ့အဆင့်အထိအပြင် မဆီမဆိုင်တွေဆွဲကပ်၊ ရန်ကုန်က စကစသိမ်းထားတဲ့အိမ်ကိစ္စအထိ နိုင်ရပြီးရော ပြောမထွက်တာ မရှိ အကုန်ပြောတာ။ ကိုယ်က ဒီနေ့အထိ ဖြစ်တဲ့ပြသနာကလွဲရင် ခင်ဗျား မုဒိမ်းမှုနဲ့ ထောင်ကျဖူးတာမဟုတ်လားတို့၊ NLD ပါတီက ဘာလို့ ထုတ်ခံရတာလဲတို့ တစ်လုံးမပြောခဲ့ဖူးဘူး။ ယောက်ျားတွေဖြစ်ပြီး မရှိရှိတဲ့အောက်လုံးထိုးမှ နိုင်ရပြီးရောဆို ခင်ဗျားအိမ်ကို ကျုပ်ရေလဲထမိန် ပို့ပေးမယ်။ ခေါင်းအုံးအိပ်ဖို့" တဲ့။ အပျံမရဲ့ follower တွေက သြဘာပေးကြပါတယ်။

နောက်တစ်ခု ရုပ်ပုံနဲ့တကွ "မျိုးရန်နောင်သိန်းကို NLD ပါတီကနေ ရိုးရိုးထုတ်ခဲ့တာ မဟုတ်ဘူး။ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးခေါ်ပြီး ချက်ချင်းထုတ်ခဲ့တာ။ (သက်သေအနေနဲ့ ကောမန့်မှာ အဲ့အချိန်က Video File Link ချပေးထားတယ်)။ သုတေသနမှူးဆိုပြီး NLD ပါတီကလူတွေကို အပေါ်စီးကဝင်တယ်။ အချို့ အားနည်းချက်ရှိသူတွေရဲ့ ဒေတာတွေကို ရှာဖွေပြီး ဒလန်ဇာတ်သွင်းတာ၊ ခြိမ်းခြောက်တာမျိုး အကျင့်ရှိခဲ့ပြီး ၂၀၁၉မှာ လူမှားထိမိတဲ့ကိစ္စကနေ ပါတီနာမည်နဲ့ ပါဝါပြတာတွေ၊ ခြိမ်းခြောက်တာတွေပါ ပေါ်လို့ ပါတီကနေ ထုတ်ပယ်ခံရတယ်လို့ သိထားပေမယ့် မသေချာခဲ့ဘူး။ အခု NUG ကလူတွေကို အတင်းလိုက်မ,နေပြီး NUG ကို ဝန်းရံနေတဲ့လူတွေပါ ချဉ်သွားကြတဲ့အထိ NUG ကို မတော်တလျော်ဝန်းရံပြ၊ လူမုန်းများအောင် ပူးသတ်နေတဲ့အပြင် အကောင့်တုပေါင်းစုံမွေးထားပြီး စနစ်တကျကြီးကို လုပ်နေတာမြင်တော့ ၂၀၁၉ တုန်းက အမေစုနဲ့ NLD က ဒီလူကို ပါတီက ထုတ်ခဲ့တာ မှားမှာ မဟုတ်ဘူးလို့ တွေးမိတော့တယ်။ မျိုးထိုက်တန်သိန်းက သဒ်အုပ်စုအနေနဲ့ တော်လှန်ရေးကို ထိခိုက်အောင်လုပ်တယ်။ မျိုးရန်နောင်သိန်းကကျ NUG ကို ဝန်းရံသလိုနဲ့ အတွင်းကနေ ထိုးခွဲတယ်။ အစတုန်းက ရဟန်းကြားကျတဲ့ ကျေးနဲ့ ခိုးသားတွေကြား ကျတဲ့ ကျေးလို့ ထင်ထားတာ။ အခုကျမှ ကျေးကလုန်းလေးတွေမှန်း သိတော့တယ်" တဲ့။

နောက်တစ်ခု "မျိုးရန်နောင်ဒိမ်းကို ဖာကျတယ်လို ပြောတာက ဆဲတာ မဟုတ်ဘူးနော်။ အမှန်တရားကို ပြောတာ။ ကိုယ့်ကို ပါစင်နယ်တိုက်လို ကိုယ်က ပြန်ရေးတော့ သူက စာရင်းစစ်ခိုင်းလို ကိုယ်က ပြသနာလုပ်ပါတယ်ဆိုတဲ့ Narrative ကို ပြန်ဆွဲရေးပြန်ရော။ The Key ပြသနာအစကို စဉ်းစားကြည့်နော်။ ဂူးဂူးက The Key က ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာကြောင့် ကိုယ်နဲ့ RBK က စာရင်းစစ်ဖို ဆောင်ရွက်လို Audit Team နဲ့ စာရင်းစစ်တဲ့ကိစ္စ ဖြစ်လာခဲ့တာ။ ထပ်ပြောမယ်။ ဂူးဂူး WLMF က ခိုးတာကို RBK နဲ့ ပန်ဆယ်လိုက စာရင်းစစ်ခိုင်းခဲ့တာ။ ဂူးဂူး WLMF က စာရင်းစစ်ခံခဲ့ရတာ။ RBK နဲ့ ပန်ဆယ်လိုက ခိုးလို ဂူးဂူး WLMF က စာရင်းစစ်ခိုင်းခဲ့တာ မဟုတ်ဘူး။ RBK နဲ့ ပန်ဆယ်လိုက စာရင်းစစ်ခံရတာ မဟုတ်ဘူး။ စာရင်းစစ်ခံရအောင်လည်း The Key က ရန်ပုံငွေအားလုံးကို ငွေရော စာရင်းရော WLMF က ကိုင်တွယ်ခဲ့တာ။ သူဝင်အာချောင်မှ စာရင်းစစ်အဖွဲက Data တွေပေါက်တယ်ဆိုပြီး Withdraw လုပ်သွား။ မျိုးရန်နောင်သိန်းက တကယ်ခိုးတဲ့ ဂူးဂူးကို ထွက်ပေါက်ပေး၊ လူထုအမြင်ဝေဝါးအောင် RBK ဘက်ကို သံသယဆွဲလှည့်။ ခိုးထားတဲ့ ကောင်မကို ဂယ်ပေါက်ပေးတဲ့လုပ်ရပ်ကို လုပ်လို ဒီကိစ္စ တာဝန်ရှိသူဖြစ်တဲ့ ကိုယ်က ဝင်ပါရတာ။ တကယ်က Audit Analysis Report ထွက်လာပြီး ဂူးဂူးခိုးတဲ့ကိစ္စ ပေါ်ပေါက်ပြီးသွားပြီ။ ဒါ့အပြင် The Key ရဲ့ ပေါက်မဲ 38% ကိုပါ WLMF က ခိုးထားတဲ့ကိစ္စ ထပ်ပေါ်တယ်။ အဲ့ကိစ္စတွေကို မသိချင်ယောင်ဆောင်ပြီး ငါ့စကားနွားရ RBK ဘက်ကိုချည်း ဖိသိပ်ပြောနေတဲ့အပြင် ကိုယ်က အခုဆို ကိုယ့်ဖာသာ ဘာမှဆက်မပြောဘဲ နေနေတာကို စာအရှည်ကြီး ထပ်ရေး တိုက်ခိုက်ပြန်တယ်။

ကိုယ့်ကို ပါစင်နယ်တိုက်ခိုက်လာလို ကိုယ်က ပြန်ပြောတော့ သူ့ကို စာရင်းစစ်ခိုင်းတာလေးကို ကိုယ်က ပါစင်နယ်တိုက်ခိုက်ပါတယ်ဆိုတဲ့ Narrative ဘက် ပြန်ဆွဲခေါ်ပြန်ရော။ စာရင်းက စစ်ပြီးပြီ။ အဖြေလည်းထွက်ပြီး။ သူခိုး ဘယ်သူလဲလည်း ပေါ်ပြီ။ ဒါကို စာရင်းစစ်ဦးဆိုတော့ ဂူးဂူး သူခိုးမဟုတ်ဘူးဆိုတဲ့ အဖြေမထွက်မချင်း စစ်ပေးရမယ့်သဘော။ ဒီကောင်က ယောက်ျားအဖြစ် မွေးလာလို။ ဒါ့ကြောင့် မုဒိမ်းကောင်ပဲ ဖြစ်တာ။ မဟုတ်ရင် ဖာသည်ပါ ဖြစ်မယ့်ကောင်" တဲ့။

သူခိုးတွေ အပြန်အလှန် အောက်ဖဲလှန်ကြတာ ပွဲကတော့ ကြည့်ကောင်းနေလေရဲ့။ နီပိန်း ပရိတ်သတ်ကြီးကလည်း အဲဒီလို ပွဲဖြစ်နေမှ ပျော်တာ။ ပွဲမရှိရင် သူတို့မှာ စားမဝင် အိပ်မပျော်ဘူး။ 

NLD ကနေ ပေါက်ဖွားလာတဲ့ NUG, CRPH အကြမ်းဖက်အဖွဲ့ဝင်တွေဆိုသည်မှာ တစ်ယောက်အကြောင်း တစ်ယောက်သိ အဆင်မပြေရင် အောက်ဖဲလှန်ဖို့ တစ်ယောက်အမြှီးတစ်ယောက်နင်းထားကြတဲ့ သူတွေပါ။ NUG က ကောင်တွေ၊ ကောင်မတွေအနေနဲ့က ဒီလို ပြဿနာတွေ ပေါ်ပေါက်နေလို့ ဝင်မရှင်းပေးရဲဘူး။ ရှင်းပေးတဲ့ကောင်ရော၊ ကောင်မရော အောက်ဖဲအလှန်ခံရမှာပဲ။ စာရိတ္တပိုင်းမှာ အားနည်းလွန်းပြီး အပြန်အလှန် အယုတ္တ၊ အနတ္တ အောက်လုံးထိုးပြီး ပွဲရှာတဲ့သူတွေက နီပိန်းလူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တိုင်းဖျက် ပြည်ဖျက် လုပ်နေတာကတော့ အော့နှလုံးနာစရာ။

နီပိန်း ပဒက် ငမိုက်သားများ ဆိုသည်မှာလည်း သူ့တို့ရဲ့ အသက်ခန္ဓာတွေကို အရင်းတည်ပြီး ကမ္ဘာပတ် ခွက်ခေါက်နေသော အဖွဲ့အစည်းအတွက် သေပွဲဝင်ပေးနေကြတယ်ဆိုတာ နည်းတဲ့ သတ္တိလား။ ဒါမျိုးကို မျက်ကန်းယုံကြည်မှုလို့ ခေါ်တယ်။ ဆင်ခြင်တုံတရားနဲ့ သင့်တော်၏၊ မသင့်တော်၏ ဝေဖန်ပိုင်းခြား ဆုံးဖြတ်ပြီး လုပ်ကြတာ မဟုတ်ဘူး။ မျက်ကန်း နီပိန်းတွေ ရှိနေခြင်းကြောင့်လည်း NUG, CRPH အကြမ်းဖက်အဖွဲ့ဝင်များ အပါအဝင် ခွက်ခေါက်လော်ဘီများအတွက် ယနေ့အချိန်အထိ ခွက်ခေါက်လို့ကောင်းတုန်း ဖြစ်နေတာပေါ့။ 

ပြည်ပြေး ဝရမ်းပြေးတွေ အနေနဲ့က နီပိန်း ပဒက်လေးတွေ ဥပဒေဘောင်အတွင်း ပြန်ဝင်သွားမှာကို အင်မတန်စိုးရိမ်တယ်။ တော်လှန်ရေးကြီး မအောင်မြင်မှာကို ကြောက်လို့တော့ မဟုတ်ဘူး။ တော်လှန်ရေးက မအောင်မြင်မှန်း အစကတည်းက သိတယ်။ မျောက်ပြပြီး ဆန်တောင်းသလိုပ နီပိန်း ပဒက်တွေကို ပြပြီး ခွက်ခေါက်ရတာ ဖြစ်လို့ နီပိန်း ပဒက်တွေ အမြင်မှန်ရပြီး အလင်းဝင်သွားမှာကို ကြောက်ကြခြင်း ဖြစ်ပါတယ်။

အဲဒီလို နည်းမျိုးစုံနဲ့ ခိုးနေတဲ့ ကောင်တွေ၊ ကောင်မတွေက တစ်ဖက် အတိုက်အခံ အင်အားစုကို သူခိုးလို့ ရိုးစွပ်ခဲ့ကြတယ်။ NLD အာဏာရပြီး ဒေါ်စု၊ ဦးဝင်းမြင့် အပါအဝင် NLD လူကြီးဆိုသူများ၊ NLD အစိုးရ လက်ထက် ဝန်ကြီးဆိုသူများ နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တဲ့ ခိုးမှုတွေ စစ်ဆေးပေါ်ပေါက်ပြီး အရေးယူခံရတဲ့အခါကြတော့ နှုတ်ဆိတ်သွားကြပြန်ရော။

NUG, CRPH ဆိုတာတွေ ဖြစ်လာပြီး နည်းမျိုးစုံနဲ့ ခွက်ခေါက်၊ ရတဲ့ငွေတွေ အလွဲသုံးစားလုပ်ကြ။ သူတို့ ကိုယ်ကျိုးစီးပွားအတွက် သုံးကြ။ နီပိန်း ပဒက်တွေမှတော့ အငတ်ငတ် အပြတ်ပြတ် တော်လှန်ရေးတိုက်ပွဲကြီး ဆင်နွှဲနေလေရဲ့။ နီပိန်း ပဒက်တွေရဲ့ ဝဋ်ကြွေးကလည်း အလွန်ကြီးတယ်။ ပြည်ပြေး ဝရမ်းပြေး အာဏာရမ္မက်ထနေတဲ့ လူတစ်စု၊ ပြည်သူကို ချနင်းပြီး လုပ်စားချင်တဲ့ လူတစ်စုအတွက် အသက်ခန္ဓာပါ ပေးဆပ်နေကြရတယ်။ အမြင်မှန်ရလာတဲ့ လူငယ်တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်ချင်လားလို့ မေးပြီး အစုလိုက်အပြုံလိုက်သ တ်ဖြတ်သည်အထိ ရက်စက်ယုတ်မာလွန်းပါတယ်။ ကယ်တင်ဖို့ မလွယ်ဘူးလေ။ နီပိန်းတွေရဲ့ ဝဋ်ကြွေးပေါ့။

NUG မှ ခိုးသား ၅၀၀ အကြောင်းပြောရင် စာအုပ်ထူကြီးတစ်အုပ် ဖြစ်သွားလိမ့်မယ်။ စာရေးသူအနေနဲ့ကတော့ လက်တလောအခြေအနေလေးကိုပဲ ဟိုက်လိုက်လုပ်ပြီး ပြောတာပါ။ မျိုးရန်နောင်ဒိမ်း နဲ့ အပျံမ ပွဲက မပြီးသေးဘူး။ ဇရှိလို့ ဇစ်ဖြုတ်ကြတဲ့ ပွဲဗျ။ ငယ်ကျိုးငယ်နာ ဖော်ကြအုံးမှာ။ နီပိန်း ပရိတ်သတ်ကြီး အားပေးလိုက်ပါအုံး။


ဒေါင်းနင်း

#News #Myanmar



မူရင်းသတင်း — Myanmar National Post