Yangon Media Group

“မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် တန်ဆောင်တိုင်ပွဲတော်”နှင့် “နေပြည်တော်တန်ဆောင်တိုင်ပွဲတော်နှင့် မြန်မာ့အလှ” ဟူသည့် ခေါင်းစဉ်နှစ်ခုဖြင့် နေပြည်တော်တန်ဆောင်တိုင် ဓာတ်ပုံပြိုင်ပွဲကျင်းပမည်

#Local_News
Published 05 November 2026

■ နေပြည်တော်တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကို“မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် တန်ဆောင်တိုင်ပွဲတော်”နှင့် “နေပြည်တော်တန်ဆောင်တိုင်ပွဲတော်နှင့် မြန်မာ့အလှ” ဟူသည့် ခေါင်းစဉ်နှစ်ခုဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

■ အဆိုပါ ပြိုင်ပွဲတွင် ပညာရှင်အဆင့် (Professional/Open)၊ ဝါသနာရှင်အဆင့် (Camera/Phone Photography) နှင့် လူငယ်နှင့်ကျောင်းသားအဆင့် (Youth Photography) ဟူ၍ အဆင့်သုံးမျိုးသတ်မှတ်ထားပြီး စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

■ ပညာရှင်အဆင့် ဆုရရှိသူများကို ပညာရှင်အဆင့်တွင် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀၊ စတုတ္ထဆု ကျပ်သိန်း ၂၀၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်မည်ဖြစ်သည်။

■ ထို့အပြင် ဝါသနာရှင်အဆင့် ဆုရရှိသူများကို ပညာရှင်အဆင့်တွင် ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ကျပ်သိန်း ၁၀၊ နှစ်သိမ့်ဆုငါးဆုကို ကျပ်လေးသိန်းစီဖြင့် ဆုများချီးမြှင့်မည်ဖြစ်သည်။

■ လူငယ်ကျောင်းသားအဆင့်တွင်လည်း ပထမဆု ကျပ်သိန်း ၂၀၊ ဒုတိယဆု ကျပ်သိန်း ၁၅၊ တတိယဆု ကျပ်သိန်း ၁၀၊ နှစ်သိမ့်ဆုငါးဆုကို ကျပ်သုံးသိန်းစီဖြင့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။

■ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ပေးပို့နိုင်ပြီး အသေးစိတ်စည်းကမ်းချက်များကို Nay Pyi Taw Council Facebook Page၊ NPTDC Facebook Page နှင့် NPTDC Web Portal တို့တွင် ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် နေပြည်တော်ကောင်စီရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times

မူရင်းသတင်း — Yangon Media Group