Myanmar Digital News

ကလေးမြို့၌ စုပေါင်းသွေးလှူဒါန်း

ကလေး နိုဝင်ဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး၌ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း ၈၀ တက်ရောက်ခဲ့ပြီး ၂၅ ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News