မကွေး နိုဝင်ဘာ ၅
မကွေးမြို့ ဈေးများအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးသူ/ဈေးသားများ လိုက်နာရမည့် မီးဘေးလုံခြုံရေးအချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး မီးသတ်ယာဉ်များ လွယ်ကူစွာဝင်ထွက်နိုင်ရေး လမ်းကြောင်းများ ရှင်းလင်းထားရန်နှင့် ဈေးအတွင်း စနစ်မဲ့မီးသုံးစွဲမှုမရှိစေရေး စစ်ဆေးကြပ်မတ်ရန် ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)