Myanmar Digital News

ကျိုင်းတုံမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြော

ကျိုင်းတုံ နိုဝင်ဘာ ၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၄ ရက်က ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။ 

 

ဟောပြောပွဲတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးလုံခြုံရေးနှင့် အဆောက်အအုံများတွင် မီးဘေးလုံခြုံရေး အကြံပြုချက် (FSI)၊ စစ်ဆေးထောက်ခံချက်(FSC)ရယူနိုင်ရေး အဆင့်ဆင့် လုပ်ဆောင်မှုများကို ကျိုင်းတုံမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News