နေပြည်တော် နိုဝင်ဘာ ၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာနှင့် နေပြည်တော်ကလေးပြုစုရေးဌာနသို့လည်းကောင်း၊ ယနေ့တွင် နေပြည်တော် အချုပ်ထောင်သို့လည်းကောင်း ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်သည့်အဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အားပေးစကားပြောကြား
ကော်မရှင်အဖွဲ့ဝင်များသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို ကြည့်ရှုစစ်ဆေးစဉ် ဂေဟာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လူမှုရေးဝန်ဆောင်မှုအခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု၊ ဘိုးဘွားများက အသိပညာများ ပြန်လည် ဝေမျှပေးနိုင်မှုနှင့် ဝါသနာပါရာ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ စားဖိုဆောင်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဂေဟာသို့ လာရောက်ရာတွင် အဆင်ပြေမှု ရှိ၊ မရှိ အခြေအနေ၊ ပင်စင်စား အဘိုးအဘွားများ ပင်စင်ထုတ်ယူမှုအခြေအနေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိတို့ကို မေးမြန်းကြည့်ရှုစစ်ဆေးပြီး ဂေဟာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွား စုစုပေါင်း ၄၉ ဦးအား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ကလေးသူငယ် ၃၈ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးမှုနှင့် အသက်အရွယ်အလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများ၊ အာဟာရကျွေးမွေးမှု၊ ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးမှု၊ မူကြိုပညာရေးနှင့် အခြေခံပညာရေးအတွက် ဆောင်ရွက်ပေးနေမှုစသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းအဖွဲ့သည် နေပြည်တော် အချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများအား အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံး ရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုနှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိခြင်း ရှိ၊ မရှိ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်၊ စာမတတ်သူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် အခြေခံအရေး၊ အဖတ်၊ အတွက် ပညာသင်ကြားပေးနေမှု၊ အကျဉ်းသား၊ အချုပ်သားများအား အချုပ်ထောင် ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသား၊ အချုပ်သား အချင်းချင်းက လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်း သား/ အချုပ်သား ၂၀ ကို တစ်ဦး ချင်း လက်ခံတွေ့ဆုံ၍ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ အကျဉ်းသား အကျဉ်းသူ၊အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်း၊ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊မရှိနှင့် ထောင်ဝင်စာ တွေ့ဆုံနေမှု အခြေအနေ၊ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတို့ နေ့လယ်စာသုံးဆောင် နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက်များကို ဆောင်ရွက် ပြီးစီးမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အချုပ်သားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ်စာပေ အုပ်ရေ ၅၀ ကို ကော်မရှင်က ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်