Myanmar Digital News

ပဲခူးမြို့၌ သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ပဲခူး နိုဝင်ဘာ ၅ 

 

ပဲခူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ကျင်းပသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အကြမ်းဖက်မှုကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း အားကစားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်အောင်အေးက အမှာစကားပြောကြားပြီး ပဲခူးမြို့ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ဒုရဲအုပ် နိုင်ဇော်လှက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ် ဥပဒေအရာရှိ ဦးမိုးဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးကျော်ကျော်ဟန်က သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News