ကောင်းကျိုးနှင့်ဆိုးကျိုးများသည် လောကကြီးတွင် အတူယှဉ်တွဲဖြစ်ပေါ်လာသည်။ ကမ္ဘာကြီးတွင် နည်းပညာများတိုးတက်ပြောင်းလဲဖြစ်ပေါ်လာမှုများနှင့်အတူ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးရေးနှင့် စီးပွားရေးများ မြင့်မားအဆင်ပြေချောမွေ့စေရေးအတွက် များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ချိန်တည်းတွင် တိုးတက်ပြောင်းလဲလာသော နည်းပညာများကို တလွဲအသုံးချ၍ ဆိုက်ဘာတိုက်ခိုက်မှု၊ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားနှင့် ဒုစရိုက်မှုများပါတွဲဖက်လုပ်ကိုင်လာကြသည်ကို တွေ့မြင်ကြားသိရမည်ဖြစ်သည်။
နည်းပညာတိုးတက်ဖြစ်ထွန်းလာမှုတွင် ကြီးမားသောစိန်ခေါ်မှုနှင့်အန္တရာယ်များမှာ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်သည်။ ဆိုက်ဘာတိုက်ခိုက်မှုဆိုသည်မှာ ကွန်ပျူတာစနစ်များ၊ ဆက်သွယ်ရေးကွန်ရက်များ သို့မဟုတ် ဒီဂျစ်တယ်အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်ပြီး အချက်အလက်များကိုခိုးယူခြင်း၊ အချက်အလက်များကို ပျက်စီးစေရန် သို့မဟုတ် အသုံးပြု၍မရအောင်လုပ်ဆောင်သော အွန်လိုင်းတိုက်ခိုက်မှုများဖြစ်သည်။ အယောင်ဆောင်အီးမေးလ်များ၊ အချက်အလက်များမှတစ်ဆင့် စကားဝှက် သို့မဟုတ် ဘဏ်အကောင့်များ၊ ဆက်သွယ်ရေးကွန်ရက်များ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကို တစ်ကိုယ်တော် နည်းပညာကျွမ်းကျင်သူများ သို့မဟုတ် အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘယ်လ်ဂျီယံနိုင်ငံနှင့်အခြားဥရောပနိုင်ငံများရှိ စူပါမားကက်များ၏ ရေခဲသေတ္တာနှင့် အအေးခန်းစနစ်များကိုထိန်းချုပ်ထားသည့် နည်းပညာများအား ဆိုက်ဘာတိုက်ခိုက်ခံရသည့်သတင်းများကို အထူးအဆန်းကြားသိခဲ့ရသည်။ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် အအေးခန်းများအတွင်း အပူချိန်မြင့်တက်ခဲ့ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကက် လုပ်ငန်းစုများနှင့် သတင်းမီဒီယာများ၏ နိုဝင်ဘာ ၂ ရက်နေ့ ဖော်ပြချက်အရ ဆိုက်ဘာတိုက်ခိုက်မှုဟု သံသယရှိသည့်ဖြစ်စဉ်ကြောင့် အချို့ဆိုင်များတွင် အအေးပေးစနစ်များချွတ်ယွင်းခဲ့ပြီး ရေခဲသေတ္တာများနှင့် အအေးခန်းများအတွင်း အပူချိန်ရုတ်တရက်မြင့်တက်ခဲ့ကာ အေးခဲအစားအစာများနှင့် လတ်ဆတ်သောစားသောက်ကုန်များ ပျက်စီးဆုံးရှုံးခြင်းဖြစ်ပေါ်ခဲ့သည်။
အလားတူဖြစ်စဉ်များကို ဆွီဒင်၊ လူဇင်ဘတ်နှင့်အခြားဥရောပနိုင်ငံများတွင်လည်း တွေ့ရှိခဲ့ရပြီး ဆွီဒင်နိုင်ငံရှိ စူပါမားကက်ဆိုင်ခွဲတစ်ခုတွင် ရေခဲသေတ္တာအတွင်း အပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင်လည်း ပြီးခဲ့သည့်လက ရေခဲသေတ္တာနှင့်အအေးခန်းများကို စီမံထိန်းချုပ်သည့်စနစ်များအား ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။ နည်းပညာကျွမ်းကျင်သူများက စက်ပစ္စည်းများနှင့်အအေးပေးစနစ်များကို အဝေးမှတစ်ဆင့် နည်းပညာထိန်းချုပ်အသုံးပြုမှု ပိုမိုများပြားလာခြင်းသည် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ပိုမိုမြင့်တက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ငွေကြေးစနစ်နှင့်သတင်းအချက်အလက်စနစ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ဖူးပြီး နည်းပညာများ နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ကြီးကြီးမားမားမရှိသေးဟုဆိုနိုင်သည်။ သို့သော် ကြုံတွေ့လာနိုင်ဖွယ် ရှိသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းအလိုက်၊ အဆင့်အလိုက် လမ်းပြမြေပုံများချမှတ်ပြီး မဟာဗျူဟာမြောက် ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီပြီးလုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများကို အခြေခံခိုင်မာအောင်တည်ဆောက်သွားရန်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသည့် ယန္တရားများ တည်ဆောက်ပြီး အစိုးရ၏ e-Government စနစ်များကို အပြည့်အဝဒီဂျစ်တယ် အသွင်ကူးပြောင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေ၊ ဆိုက်ဘာ မှုခင်းဆိုင်ရာတားဆီးနှိမ်နင်းရေးဥပဒေ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ဥပဒေနှင့်နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာ စီးဆင်းမှုလုံခြုံရေးမူဝါဒများကဲ့သို့ ဥပဒေမူဘောင်များထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီဂျစ်တယ်စနစ်များကို အမျိုးသားဒေတာစင်တာစနစ်တစ်ခု ထိန်းသိမ်းဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိသည်။ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ကွပ်ကဲရေးဗဟိုဌာနဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ဆိုက်ဘာဝန်းကျင်တစ်ခုကို လက်တွဲတည်ဆောက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့ဖြစ်ရာ ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ နည်းပညာတိုးတက်ပြောင်းလဲဖြစ်ထွန်းလာမှုများနှင့်အတူ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတော်နှင့်နည်းပညာ အဖွဲ့အစည်းများက နည်းပညာဆိုင်ရာအဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် ပြည်တွင်း၊ ပြည်ပမှ မသမာသူများ၊ အဖျက်သမားများ၏ နည်းပညာအသုံးချမှု၊ ဆိုက်ဘာတိုက်ခိုက်မှုများ ကိုကာကွယ်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအသီးသီးအလိုက် အမျိုးသားဆိုက်ဘာလုံခြုံရေးကဏ္ဍများကို အဆင့်မြှင့်တင်ပြီး ဝိုင်းဝန်းလက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။