ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေးသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါစျေးသစ်ရှေ့၌ ကျင်းပသည်။
အဆင့်မြင့်မင်္ဂလာစျေးသစ်ကို ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနနှင့် ဆန်းမြတ်ထွန်း ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း တည်ဆောက်ခဲ့ပြီး RC အမျိုးအစား ရှစ်ထပ်အဆောက်အအုံဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၀၆၇ ခန်းပါဝင်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မူလဆိုင်ခန်းပိုင်ရှင်များအား အခကြေးငွေ တစ်စုံတစ်ရာပေးဆောင်ရန်မလိုဘဲ ဈေးသစ်တွင် ပြန်လည်ရရှိထားသည့် ဈေးဆိုင်ခန်းများ၌ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ပေးထားသည်။
ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဈေးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဆင်မြင့်မင်္ဂလာ ဈေးသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ စျေးသစ်အတွင်း လှည့်လည်ကြည့်ရှုအားပေး ကြကြောင်း သိရသည်။
သတင်းစဉ်