မန္တလေး နိုဝင်ဘာ ၅
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) (၂၅)နှစ်မြောက်တက္ကသိုလ် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အုန်းချော-ရွှေစာရံလမ်းရှိ အဆိုပါတက္ကသိုလ်၌ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကန်တော့ခံဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်လေးထပ် စာသင်ဆောင်ရှေ့၌ (၂၅)နှစ်မြောက်တက္ကသိုလ် ငွေရတုအထိမ်းအမှတ်ရုပ်တုကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး သတ်မှတ်နေရာ၌ အထိမ်းအမှတ်သစ်ပင်ကို စိုက်ပျိုးပေးကာ အဓိပတိလမ်းတစ်လျှောက်တွင် အနုပညာဌာနအလိုက် ပြသထားသည့် တက္ကသိုလ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က (၂၅)နှစ်မြောက်တက္ကသိုလ်ငွေရတု အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ (၂၅)နှစ်တာခရီးဗီဒီယိုကို ပြသသည်။
ဆက်လက်၍ တာဝန်ရှိသူများက တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်မှ ယနေ့အချိန်ထိ စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက်ရှိသူများ၊ ထူးချွန်ဆုရရှိသူများနှင့် တက္ကသိုလ်ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား ကျောင်းသူများက တက္ကသိုလ် ငွေရတုအထိမ်းအမှတ်သီချင်း၊ “တက္ကသီလံ ရွှေစာရံ” အကတို့ဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အနုပညာဦးစီးဌာနအတွင်း အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး မန္တလေးမြို့ရှိ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထို့နောက် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အမျိုးသားဇာတ်ရုံ၊ ပန်တျာသင်ကြားဆောင်၊ ပန်းချီ၊ ပန်းပုသင်ကြားဆောင်နှင့် ကျောင်းသားအိပ်ဆောင်များ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ နှစ်ပေါင်း(၁၀၀)နှင့်အထက် သက်တမ်းရှိသည့် မန္တလေးဌာနခွဲရုံးနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းမြို့ရိုးတောင်ဘက် နန်းမြို့ရိုး ပဲ့ကျပျက်စီးမှုနှင့် ကျွန်းလုံးယူပြာသာဒ်၊ နန်းမြို့ရိုးပတ်လည် ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ လိုက်နာဆောင်ရွက်ရမည့် SOP အတိုင်း အရည်အသွေးပြည့်မီအောင် ပြုပြင်သွားရန်၊ နန်းမြို့ရိုး ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်