နေပြည်တော် နိုဝင်ဘာ ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက် မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ၏ အစည်းအဝေး ကျင်းပရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အခြေအနေတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အစည်းအဝေးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ်(၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၆)ဖြင့် အဖွဲ့ဝင်နိုင်ငံများသို့ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို အစည်းအဝေး၏ ရလဒ်အဖြစ် ဖြန့်ဝေခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အခန်းကဏ္ဍနှင့် ဆယ်စုနှစ်တာကာလ အတွင်းရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း၊ အနာဂတ်တွင် စီးပွားရေးပေါင်းစည်း ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသတွင်းလုံခြုံရေး၊ စားရေရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ခေတ်မီစိုက်ပျိုးရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ်သည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် သီးခြားတွေ့ဆုံဆွေးနွေး၍ မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် လူနေမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု၏ အထူးရန်ပုံငွေ အစီအစဉ်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းပေါင်း ၁၄၀ အတွက် ရန်ပုံငွေ ထောက်ပံ့မှုစုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်