ကျွန်းလှ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် အယ်လ်နီညိုကာလ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ကျွန်းလှမြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ဈေးဆိုင်များတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/ မရှိ၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/ မရှိ၊ မီးသတ်ရေကန်များ ရေသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)