Myanmar Digital News

သရက်မြို့နယ်အတွင်း ကျေးရွာ (၂၁)ရွာ၌ အယ်လ်နီညိုကြောင့် သောက်သုံးရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး အသိပညာပေး



သရက် နိုဝင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်မြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ ရေကို ကြိုတင်စုဆောင်းထားရှိရန်၊ ရေကို စနစ်တကျ ချွေတာသုံးစွဲကြရန်နှင့် အပူဒဏ်အန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် တာဝန်ရှိသူများသည် သရက်မြို့နယ်အတွင်း ကျေးရွာ (၂၁)ရွာသို့ သွားရောက်၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး အယ်လ်နီညိုရာသီဥတုနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆက်လူ

မူရင်းသတင်း — Myanmar Digital News