ညောင်ရွှေ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်အတွင်း နှစ်စဉ် စပါးဧက ၁၂ သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လယ်စပါး ခြောက်သိန်းကျော်၊ ယာစပါး လေးသိန်းကျော်နှင့် တောင်ယာစပါး နှစ်သိန်းခန့် စိုက်ပျိုးလျက် ရှိကြောင်း၊ ၂၀၂၆- ၂၀၂၇ ခုနှစ်တွင် မိုးစပါးဧက ၁၂ သိန်း ၄ သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဧက ၃ သိန်း ၇ သောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့နံနက်ပိုင်းတွင် ကလောခရိုင် ညောင်ရွှေမြို့နယ် တိလောကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲတွင် ပြောကြားသည်။
ထို့ပြင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဖြင့် တိကျသည့်အထွက်နှုန်းခန့်မှန်းနိုင်ခြင်း၊ ရိတ်သိမ်းချိန်ကို အတိအကျ သတ်မှတ်နိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် အချက်အလက်များရရှိနိုင်ပြီး စရိတ်သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ရိတ်သိမ်းပြီးစပါးများ အမိုးအကာအောက် ရောက်ရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများကို လိုအပ်သောမျိုးစေ့နှင့် သွင်းအားစုများကို ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသည်။
ထို့နောက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် သီးနှံစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသပွဲကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မင်းကျန်စစ်အိမ်ရာ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက တောင်ကြီးဥယျာဉ်အိမ်ရာ စီမံကိန်းဆိုင်ရာများနှင့် ဆေးရုံအဆောက်အအုံတည်ဆောက်မည့် ပုံစံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မင်းကျန်စစ်အိမ်ရာအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)