
လန်ဒန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့၌ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်းတို့အနက် ပွဲစဉ် ၂ ပွဲသည် နိုင်ငံတကာပွဲစဉ်များအတွက် အနားယူကာလသို့ ဝင်ရောက်ချိန်တွင် အာဆင်နယ်အသင်း သို့မဟုတ် မန်ချက်စတာ စီးတီးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးမည် ဖြစ်သည်။
ပွဲစဉ်များကို နိုဝင်ဘာ ၆ ရက် ညတွင် ဟေးလ် ဒစ်ကင်ဆန် အားကစားကွင်း၌ စတင်မည်ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာတွင် ရပ်တည်နေသော အဲဗာတန်အသင်းက ကိုဗင်ထရီ စီးတီး အသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်မည်ဖြစ်သည်။ ကိုဗင်ထရီ စီးတီး အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၅ ပွဲတွင် ၃ ပွဲအနိုင်ရရှိထားပြီး လွန်ခဲ့သည့် သီတင်းပတ်ကုန်က ဆန်းဒါးလန်းအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ဖရန့် လမ်းပတ်၏အသင်းသည် အမှတ်ပေးဇယား တန်းဆင်းဇုန်မှ လွတ်မြောက်လာခဲ့သည်။
အမှတ်ပေးဇယားကို ဦးဆောင်နေသော အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် ဟူးလ်စီးတီးအသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်မည် ဖြစ်သည်။ အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၄ ရက်ညက ဆလားဗီးယားပရာ့ဂ်အသင်း၏ အိမ်ကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မျှော်မှန်းထားသည်ထက် ပိုမိုခက်ခဲခဲ့သဖြင့် နည်းပြ မစ်ကယ် အာတေတာအနေဖြင့် ယခုလာမည့်ပွဲအတွက် ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ဖွယ်ရှိသည်။
ဘရူနို ဂွီမာရက်စ်၊ ကိုင် ဟာဗက်ဇ်နှင့် ဝီလျံ ဆာလီဘာတို့သည် ဟူးလ်စီးတီးအသင်းနှင့် ရင်ဆိုင်ရမည့်ပွဲတွင် အာတေတာက အသင်းလူစာရင်း၌ ထည့်သွင်းလာဖွယ်ရှိသည့် ကစားသမားများတွင် ပါဝင်သည်။ ဟူးလ်စီးတီးအသင်းသည် အမြင့်ဆုံးတန်းသို့ ပြန်လည်တက်ရောက်လာပြီးနောက် အနိုင်ယူရန်ခက်ခဲသော အသင်းတစ်သင်းဖြစ်ကြောင်း သက်သေပြထားသော်လည်း ဩဂုတ်လကုန်ပိုင်းကတည်းက နိုင်ပွဲမရရှိသေးပေ။
မန်ချက်စတာစီးတီးအသင်းသည် အမှတ်ပေးဇယား အောက်ဆုံးမှ ဒုတိယနေရာတွင် ရပ်တည်နေသော နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အန်ဇို မာရက်စကာ၏အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
ဂိုးသမား ဂျန်လူဂျီ ဒွန်နာရမ်မာသည်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နိုဝင်ဘာ ၄ ရက်က အာဘီ လိုက်ပ်ဇစ်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် နစ်နာမှုဖြစ်စေသော အမှားတစ်ခုကို ထပ်မံကျူးလွန်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင်လည်း စောင့်ကြည့်ခံရဖွယ်ရှိသည်။
နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ အိုလီဗာ ဂလက်စ်နာသည်လည်း ဖိအားများ ပိုမိုရင်ဆိုင်နေရသည်။ ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏အသင်းသည် ရမှတ် ၆ မှတ်သာ ရရှိထားသည်။ နော်တင်ဟမ်ဖောရက်စ်အသင်းသည် မကြာသေးမီက ပွဲစဉ်များတွင် ကောင်းမွန်သော ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့သော်လည်း ဂိုးသွင်းယူရာတွင် အဆုံးသတ်အားနည်းမှုကြောင့် ရလဒ်ကောင်းများ ရရှိရန် အဟန့်အတားဖြစ်နေသည်။
နယူးကာဆယ်ယူနိုက်တက်အသင်းနည်းပြ မက်သီးယပ်စ် ယိုက်စ်လ်အနေဖြင့်လည်း ၎င်း၏အသင်း ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်းသွားရောက်ယှဉ်ပြိုင်မည့်ပွဲတွင် ရလဒ်ကောင်းတစ်ခု ရယူရန် လိုအပ်နေသည်။ ၎င်း၏ နည်းဗျူဟာချဉ်းကပ်ပုံကို ကစားသမားအချို့ နားလည်ရန် အခက်အခဲရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
နိုဝင်ဘာ ၇ ရက်တွင် အဲလန်ရုဒ်၌လည်း စိတ်ဝင်စားဖွယ်ကောင်းသော ပွဲစဉ်တစ်ပွဲကို မြင်တွေ့ရမည်ဖြစ်ပြီး လိဒ်စ်ယူနိုက်တက်အသင်းက တော့တင်ဟမ် ဟော့စပါးအသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်မည်ဖြစ်သည်။ တော့တင်ဟမ်အသင်းသည် ရုတ်တရက် ခြေစွမ်းပြန်လည်ကောင်းမွန်လာပြီး သုံးပွဲဆက်တိုက် အနိုင်ရရှိထားသည့်အပြင် ယုံကြည်မှုလည်း ပြန်လည်ရရှိလာသည်။ အခြားတစ်ဖက်တွင် လိဒ်စ်ယူနိုက်တက်အသင်းမှာမူ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၅ ပွဲတွင် နိုင်ပွဲရရှိခြင်း မရှိသေးပေ။ (Xinhua)

------------------------------------------
(English Version)
Premier League leadership at stake on Saturday with Arsenal and Manchester City in action
LONDON, Nov. 5 (Xinhua) -- There are five games in the Premier League on Friday and Saturday, with two of them set to determine whether Arsenal or Manchester City goes into the international break as league leader.
The round kicks off Friday night at Hill Dickinson Stadium, with seventh-placed Everton hosting Coventry City, who travel with three wins in their last five games, including a 3-1 win over Sunderland last weekend that lifted Frank Lampard's side out of the relegation zone.
League leaders Arsenal host Hull City on Saturday afternoon, with Mikel Arteta likely to make several changes to his starting lineup following his side's 2-1 win away to Slavia Prague on Wednesday night, which proved more complicated than many had anticipated.
Bruno Guimaraes, Kai Havertz and William Saliba are among the players Arteta is likely to bring into the side against a Hull team that has proved difficult to beat on its return to the top flight but has not won since the end of August.
Manchester City travels to face second-from-bottom Nottingham Forest, with Enzo Maresca's side looking to end a run of two consecutive Premier League defeats.
Gianluigi Donnarumma will again be under the spotlight after the goalkeeper made another costly error in Wednesday's 3-2 win away to RB Leipzig in the Champions League.
Nottingham Forest coach Oliver Glasner is facing increasing pressure after a 2-0 defeat to Brentford left his side with just six points. Poor finishing has undermined some of the good football Nottingham Forest has produced in recent matches.
Newcastle United's Matthias Jaissle needs a positive result as his side travels to face Fulham, amid reports that some players struggle to understand his tactical approach.
Saturday also sees a fascinating game at Elland Road as Leeds United hosts a Tottenham side that has suddenly sprung to life with three consecutive wins and newfound confidence, while Leeds has failed to win in its last five matches.
Photo Caption 1 :Manchester City's Omar Marmoush (L) challenges for a header with Arsenal's William Saliba during the English Premier League match between Arsenal and Manchester City in London, Britain, on Feb. 2, 2025. (Xinhua)
Photo Caption 2 :Manchester City's Erling Haaland (L) vies with Arsenal's William Saliba during the English Premier League match between Arsenal and Manchester City in London, Britain, on Feb. 2, 2025. (Xinhua)