Xinhua Myanmar

မြန်မာနိုင်ငံက ဘဏ္ဍာနှစ် ပထမ ၇ လအတွင်း ရေထွက်ကုန်တန်ချိန် ၂၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့



ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမ ၇ လတာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်တန်ချိန် ၂၀၀,၀၈၀ ကျော်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၄၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပို့ကုန်ပမာဏမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ပထမ ၇ လအတွင်း မြန်မာနိုင်ငံမှ ရေထွက်ကုန်တန်ချိန် ၂၃၄,၁၀၇ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရေထွက်ကုန်များကို နိုင်ငံနှင့် ဒေသပေါင်း ၄၀ ခန့်သို့ တင်ပို့လျက်ရှိပြီး အဓိကတင်ပို့သည့် ဈေးကွက်များမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပနိုင်ငံများဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ (Xinhua)

#ရေထွက်ကုန် #မြန်မာနိုင်ငံ #ငါးလုပ်ငန်းဦးစီးဌာန

မူရင်းသတင်း — Xinhua Myanmar