Xinhua Myanmar

ရိုးရာအမွေအနှစ်တစ်ခုအဖြစ် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သည့် "မြန်မာ့ရိုးရာ ပွဲဈေး"

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ရိုးရာအမွေအနှစ်တစ်ခုအဖြစ် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် "မြန်မာ့ရိုးရာ ပွဲဈေး" ကို နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် ခမ်းခမ်းနားနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ "မြန်မာ့ရိုးရာ ပွဲဈေး" တွင် ဆိုင်ခန်းပေါင်း ၁၅၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့ကာ ပွဲဈေးလာသူ ဧည့်ပရိသတ်များအနေဖြင့် ပစ္စည်းစုံ ဝယ်ယူနိုင်ရန် ပွဲဈေးတန်း အစားအသောက်များ၊ ဒေသအသီးသီးမှ စားသောက်ကုန်များနှင့် တိုင်းရင်းသားဒေသအသီးသီးမှ ထွက်ကုန်များနှင့် လူသုံးကုန် အမျိုးမျိုးကို ဇုန်အလိုက်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar