
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာကြသည့် အမေရိကန် CNN ရုပ်မြင်သံကြားကွန်ရက်၏ အဆင့်မြင့် ဒုတိယဥက္ကဋ္ဌ Kostas Oikonomou ၊ ဗီယက်နမ် “ပြည်သူ့သတင်းစာ (Nhan Dan Newspaper)” ၏ အယ်ဒီတာချုပ် Le Quoc Minh နှင့် မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ဒုတိယဥက္ကဋ္ဌ Pak Kwangchol တို့နှင့် နိုဝင်ဘာလ ၈ ရက်က ပေကျင်းမြို့တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။
Oikonomou နှင့် တွေ့ဆုံရာတွင် ဖုဟွာက CNN သည် ထိပ်သီးအစည်းအဝေးတွင် တက်ကြွစွာ ပါဝင်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ဆင်ဟွာသတင်းဌာနအနေဖြင့် CNN က ဉာဏ်ရည်တုကို သတိရှိရှိ အကျိုးရှိစွာ အသုံးပြု၍ မီဒီယာလုပ်ငန်းကို စွမ်းရည်မြှင့်တင်ပေးခြင်းအပေါ် လေးစား ချီးကျူးရင်း ကမ္ဘာ့ထိပ်တန်းမီဒီယာများအနေဖြင့် အပြန်အလှန် ဆွေးနွေးဖလှယ်၍ လေ့လာသင်ယူမှုကို ခိုင်မာစေကာ အနာဂတ်မီဒီယာ ပို၍ စမတ်ကျစေရေးအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
Oikonomou က ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်ရသည့်အပေါ် အလွန်ဝမ်းမြောက်ကြောင်း၊ နှစ်ဖက်အနေဖြင့် ထိပ်သီးအစည်းအဝေး၏ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။ အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံရေးသည် သိသာထင်ရှားသော တိုးတက်မှု ရရှိခြင်းအပေါ် ၎င်းက လေးစားချီးကျူးရင်း အနာဂတ်တွင် နှစ်ဖက်သည် သတင်းလုပ်ငန်းနှင့် ဉာဏ်ရည်တုအသုံးချမှု စသည့် နယ်ပယ်များတွင် အပြန်အလှန်ဆွေးနွေးဖလှယ်မှုများ ပိုမိုပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

Le Quoc Minh နှင့် တွေ့ဆုံရာတွင် ဖုဟွာက “ပြည်သူ့သတင်းစာ” ၏ ထိပ်သီးအစည်းအဝေးအပေါ် အလွန်အရေးထားမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ၎င်းက သတင်းဌာနနှစ်ခုအကြား ချစ်ကြည်ရင်းနှီးသော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အောက်မေ့ပြီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာဇာတ်လမ်းများကို အတူတကွ ကောင်းမွန်စွာ ဖော်ညွှန်းရန်၊ မီဒီယာ၏ တာဝန်နှင့် သမိုင်းတာဝန်ကို ထိန်းသိမ်းရန်၊ မီဒီယာဆွေးနွေးဆက်သွယ်မှုပလက်ဖောင်း တည်ဆောက်ရန်နှင့် ဉာဏ်ရည်တုခေတ်၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
Le Quoc Minh က ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်မြောက်အတွက် ဂုဏ်ပြုခဲ့သည်။ ထိပ်သီးအစည်းအဝေးသည် စမတ်ခေတ် မီဒီယာအသွင်ပြောင်းရေးကို ဆွေးနွေးရန်အတွက် ကမ္ဘာတစ်ဝန်းမှ မီဒီယာလုပ်ငန်းရှင် ရာပေါင်းများစွာကို ဆွဲဆောင်လျက်ရှိပြီး ရွေးချယ်၊ ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်များသည် ခေတ်နှင့် အလွန်ပင် သင့်လျော်၊ ကိုက်ညီမှုရှိကြောင်း ပြောကြားသည်။ “ပြည်သူ့သတင်းစာ” သည် သမားရိုးကျ သတင်းဖော်ပြမှုမှ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုသို့ ဦးတည်လျက်ရှိပြီး သတင်းဌာနနှစ်ခုအနေဖြင့် ယင်းအတွက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

Pak Kwangchol နှင့် တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနက ကျင်းပသည့် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို KCNA က အခိုင်အမာ ထောက်ခံခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး သတင်းဌာနနှစ်ခုအနေဖြင့် ရှိရင်းစွဲ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအခြေခံအပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာနှင့် နက်ရှိုင်းမှုကို အဆက်မပြတ် ချဲ့ထွင်ရန်၊ မီဒီယာဆန်းသစ်တီထွင်ဖွံ့ဖြိုးတိုးတက်မှု၏ အတွေ့အကြုံနှင့် နည်းလမ်းများကို အချိန်မီ မျှဝေရန်၊ လူပုဂ္ဂိုလ်များ သွားလာမှုကို ပိုမိုနီးစပ်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။
Pak Kwangchol က ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း၊ ထိပ်သီးအစည်းအဝေးသည် နိုင်ငံအသီးသီး၏ မီဒီယာများအတွက် အခွင့်အလမ်းများ အတူတကွမျှဝေရန်နှင့် စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန် ဆွေးနွေးဖလှယ်မှုပလက်ဖောင်းတစ်ခုကို ပံ့ပိုးခဲ့ကြောင်း ပြောကြားသည်။ ဆင်ဟွာသတင်းဌာန၏ ဉာဏ်ရည်တုအသုံးချမှုသည် မှတ်သားလောက်ဖွယ်ရှိပြီး ဤခရီးစဉ်ကို အခွင့်အလမ်းကောင်းအဖြစ်မှတ်ယူအသုံးချကာ သတင်းဌာနနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုကောင်းမွန်စွာ ဖော်ပြရန် မျှော်လင့်ကြောင်း ပြောကြားသည်။ (Xinhua)
.............................
(Chinese Version)
傅华会见出席第七届世界媒体峰会的部分外国媒体负责人
新华社北京11月8日电(记者王慧慧)新华通讯社社长傅华8日在北京分别会见来华出席第七届世界媒体峰会的美国有线电视新闻网高级副总裁科斯塔斯·伊科诺穆、越南《人民报》社总编辑黎国明、朝中社副社长朴光铁。
会见伊科诺穆时,傅华感谢美国有线电视新闻网积极参与峰会。他说,新华社赞赏美国有线电视新闻网审慎运用人工智能赋能媒体业务,希望全球主流媒体加强交流互鉴,推动未来媒体更加智能。
伊科诺穆表示,非常高兴来华出席峰会,期待双方继续在峰会框架下深化合作。他赞赏两机构关系取得长足发展,希望未来双方在新闻业务和人工智能应用等方面开展更多交流。
会见黎国明时,傅华感谢《人民报》对峰会的高度重视。他回顾了两社友好交往与合作,表示愿继续深化合作,共同讲好两国友好合作故事,坚守媒体责任与使命,搭建媒体对话沟通平台,应对人工智能时代的机遇和挑战。
黎国明祝贺新华社建社95周年。他表示,峰会吸引数百名全球媒体从业者探讨智能时代媒体变革,议题设置恰逢其时。《人民报》正从传统报道向数字化转型,希望两社就此加强合作。
会见朴光铁时,傅华感谢朝中社对新华社举办世界媒体峰会的大力支持,希望两社在已有良好合作基础上不断拓展合作深度与广度,及时分享媒体创新发展的经验做法,进一步密切人员往来。
朴光铁说,很高兴受邀出席峰会,峰会为各国媒体共享机遇、共迎挑战提供了交流平台。新华社对人工智能的运用令人印象深刻,希望以此访为契机扩大两社合作,更好宣介朝中友好。(完)
图说1:11月8日,新华通讯社社长傅华在北京会见来华出席第七届世界媒体峰会的美国有线电视新闻网高级副总裁科斯塔斯·伊科诺穆。 新华社记者 燕雁 摄
图说2:11月8日,新华通讯社社长傅华在北京会见来华出席第七届世界媒体峰会的越南《人民报》社总编辑黎国明。 新华社记者 燕雁 摄
图说3:11月8日,新华通讯社社长傅华在北京会见来华出席第七届世界媒体峰会的朝中社副社长朴光铁。 新华社记者 燕雁 摄