
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ဉာဏ်ရည်တုနည်းပညာ (AI) က သတင်းထုတ်လုပ်မှု အဆင့်တိုင်းကို အသွင်ကူးပြောင်းပေးလျက် ရှိသည်နှင့်အမျှ အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ချက်များအပေါ် လူသားသတင်းသမားများကသာ ထိန်းချုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း AFP သတင်းဌာန ဥက္ကဋ္ဌ ဖက်ဘရိစ် ဖရိုင်းစ်က နိုဝင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။
၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေးပြင်ပ၊ သီးခြားဆွေးနွေးပွဲတစ်ခု၌ ဖရိုင်းစ်က ၎င်းအနေဖြင့် AI နည်းပညာကို နေ့စဉ်အသုံးပြုလျက်ရှိရာ ၎င်း၏ လုပ်ငန်းဆောင်တာများ ပြီးမြောက်စေရန် "အထောက်အကူပြုသည်" ကို တွေ့ရှိရသော်လည်း ဆုံးဖြတ်ချက်ဟူသမျှကို အဆိုပါနည်းပညာထံ၌ ပုံအပ်ထားခြင်းမရှိကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
"ကျွန်တော်ကတော့ ကိုယ်တိုင်ပဲ ဆက်လက်ထိန်းချုပ်ထားချင်ပါတယ်" ဟု ၎င်းက ဆိုသည်။
AI နည်းပညာသုံး ကိရိယာများသည် သတင်းသမားများအတွက် အင်တာဗျူးပြင်ဆင်ခြင်း၊ အချက်အလက်များ စနစ်တကျ စုစည်းခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းတို့တွင် အကူအညီပေးနိုင်သော်လည်း မြေပြင်၌ မေးခွန်းများ တိုက်ရိုက်မေးမြန်းခြင်း၊ သတင်းရင်းမြစ်များနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ကိုဖြစ်စေ၊ သတင်းတစ်ပုဒ်၏ တန်ဖိုးအား အဆုံးအဖြတ်ပေးခြင်းတို့ကိုဖြစ်စေ ပြုလုပ်နိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261107/f3289eb75af84948b26add0909e7c6c0/c.html
..................................
(English Version)
Human judgment must guide AI use in journalism, says AFP chairman
BEIJING, Nov. 7 (Xinhua) -- As artificial intelligence (AI) is transforming every stage of news production, human journalists must retain control over editorial decisions, AFP Chairman Fabrice Fries said Saturday.
On the sidelines of the 7th World Media Summit, Fries told Xinhua that he uses AI every day and finds it "helpful" in facilitating his work, but he does not delegate all decisions to the technology.
"I want to remain in control," he said.
Though AI tools can help journalists prepare for interviews, organize information, and edit videos, they cannot be on the ground asking questions, build trust with sources, or decide whether a story is newsworthy, he said.
https://english.news.cn/20261107/f3289eb75af84948b26add0909e7c6c0/c.html
Photo caption: This photo taken on Nov. 5, 2026 shows a scene at a sub-forum titled Artificial Intelligence (AI) and Chinese Modernization during the 7th World Media Summit in Beijing, capital of China. (Xinhua/Tian Yu)