
ဂျေရုဆလမ်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေးသမ္မတ အီဆက် ဟာဇော့က နိုဝင်ဘာ ၈ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ဟောင်း၊ အစ္စရေးယာရှာပါတီ ခေါင်းဆောင် Gadi Eisenkot အား အစိုးရအသစ်ဖွဲ့စည်းရန် တရားဝင် အခွင့်အာဏာပေးအပ်ခဲ့သည်။ ယင်းမတိုင်မီ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု ဦးဆောင်သော လက်ယာယိမ်းအုပ်စုသည် အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ အများစု ဆုံးရှုံးခဲ့သည်။
ဟာဇော့က ထိုနေ့ ကျင်းပသော အခွင့်အာဏာပေးအပ်ပွဲအခမ်းအနားတွင် “ရေရှည်စီမံအုပ်ချုပ်နိုင်သော တည်ငြိမ်သည့်အစိုးရ” တစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းပြောကြားခဲ့ပြီး စည်းလုံးညီညွတ်မှု၏ အရေးပါမှုကို အလေးအနက် ဖော်ပြခဲ့သည်။
Eisenkot က အစ္စရေးသည် “အရေးကြီး အခိုက်အတန့်” တွင် ရောက်ရှိနေပြီး စစ်မျက်နှာများစွာ၌ စစ်ရေးပဋိပက္ခများအတွင်း ၎င်း၏ ရည်မှန်းချက်များမှာ “အကောင်အထည်မဖော်နိုင်သေးဘဲ” နိုင်ငံတကာအသိုင်းအဝိုင်းတွင် “ပြင်းထန်သော အကျပ်အတည်း” သို့ ကျရောက်နေသလို ဒီမိုကရေစီစနစ်သည်လည်း ပြင်းထန်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။ အကယ်၍ အစ္စရေးသည် လက်ရှိလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းပါက “ပြန်လှည့်၍မရနိုင်သော အခြေအနေ” ကို ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ဆိုသည်။ ခေါင်းဆောင်အလွှာ အသစ်တစ်ရပ် တည်ထောင်ရန်နှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
အစ္စရေးဥပဒေအရ Eisenkot သည် အစိုးရအသစ်ဖွဲ့စည်းရန် ၂၈ ရက် အချိန်ရရှိပြီး လိုအပ်ပါက အများဆုံး ၁၄ ရက် ထပ်မံအချိန်ပေးရန် လျှောက်ထားနိုင်သည်။ အစိုးရအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ထမ်းဆောင်ခြင်း မပြုမီအထိ နေတန်ယာဟုသည် ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ယင်းမတိုင်မီ Eisenkot ဦးဆောင်သော ယာရှာပါတီသည် လွှတ်တော်အမတ် ၁၂၀ နေရာ အနက် ၆၇ နေရာ ရရှိခဲ့သဖြင့် အစိုးရအသစ် ဖွဲ့စည်းနိုင်သည့်အရေအတွက် ရရှိခဲ့ပြီး နေတန်ယာဟုမှာမူ ၄၆ နေရာ ရရှိခဲ့သည်။ လက်ရှိတွင် Eisenkot သည် လက်ယာယိမ်း၊ အလယ်အလတ်နှင့် လက်ဝဲယိမ်းပါတီများဖြင့် ဖွဲ့စည်းထားသော ပါတီလေးပါတီ ညွန့်ပေါင်းအဖွဲ့အပေါ် မှီခိုနေရသော်လည်း ယင်းညွန့်ပေါင်းအဖွဲ့တွင် အမတ်နေရာ ၄၈ နေရာသာ ရှိသေးသဖြင့် အစိုးရဖွဲ့စည်းနိုင်ရေးအတွက် အာရပ်နွယ်ဖွား ပါတီ သို့မဟုတ် အခြားပါတီများ၏ ထောက်ခံမှုကို ရယူရန် လိုအပ်နေဆဲဖြစ်သည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးစေ့စပ်ညှိနှိုင်းမှုတွင် ထင်ရှားသော သဘောထားကွဲလွဲမှုများနှင့် ရင်ဆိုင်နေရသည်။ အာရပ်နွယ်ဖွားပါတီများ၏ ထောက်ခံမှုကို မှီခိုရသော လူနည်းစုအစိုးရ ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်း Eisenkot ၏ အရေးပါသော မဟာမိတ်၊ “Yisrael Beiteinu” ပါတီ ခေါင်းဆောင် Avigdor Lieberman က နိုဝင်ဘာ ၈ ရက်တွင် ထပ်မံအလေးအနက် ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်သည် “လုံခြုံရေးကို ထိခိုက်စေပြီး နေတန်ယာဟုအား အာဏာပြန်လည်ရရှိစေမည်” ဟု ၎င်းက ယူဆသည်။ (Xinhua)

...............................
(Chinese Version)
以色列总统正式授权埃森科特组建新政府
新华社耶路撒冷11月8日电(记者王卓伦 庞昕熠)以色列总统赫尔佐格8日正式授权以色列国防军前总参谋长、正直党领导人加迪·埃森科特组建新政府。此前,现任总理内塔尼亚胡领导的右翼阵营在10月27日举行的议会选举中失去多数席位。
赫尔佐格在当天举行的授权仪式上呼吁组建一个“能够长期执政的稳定政府”,并强调团结的重要性。
埃森科特表示,以色列正处于“关键时刻”,其在多条战线军事冲突中的目标“尚未实现”,在国际社会陷入“严重危机”,民主制度也面临严峻挑战。埃森科特说,如果以色列继续沿当前道路前进,可能面临“无法挽回的局面”。他呼吁建立新的领导层,重建民众信任。
根据以色列法律,埃森科特有28天时间组建新政府,必要时可申请最多延长14天。在新政府宣誓就职前,内塔尼亚胡将继续担任看守政府总理。
此前,埃森科特领导的正直党获得议会120名议员中67人的推荐组建新政府,内塔尼亚胡则获得46人推荐。目前,埃森科特依靠由右翼、中间派和左翼政党组成的四个政党联盟,但这一联盟仅拥有48个议席,仍需争取阿拉伯裔政党或其他政党的支持,才能组建政府。组阁谈判面临明显分歧。埃森科特的重要盟友、“以色列是我们的家园”党领导人阿维格多·利伯曼8日重申,反对组建依赖阿拉伯裔政党支持的少数派政府,认为此举将“损害安全,并使内塔尼亚胡重新掌权”。(完)
图说1:11月8日,在耶路撒冷,以色列总统赫尔佐格(右)与以色列国防军前总参谋长、正直党领导人加迪·埃森科特一同出席授权仪式。新华社记者 庞昕熠 摄
图说2:11月8日,在耶路撒冷,以色列国防军前总参谋长、正直党领导人加迪·埃森科特在接受组阁授权后发表讲话。新华社记者 庞昕熠 摄