
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂိုးသမား ကားလို့စ်မီဂေးလ်၏ ပင်နယ်တီနှစ်ကြိမ်ကာကွယ်နိုင်မှုနှင့်အတူ ပါလ်မီးရပ်စ်အသင်းသည် နိုဝင်ဘာ ၈ ရက်က ဗာစကိုဒဂါးမားအသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ၅-၄ ဂိုးဖြင့် အနိုင်ရရှိကာ ကိုပါဒိုဘရာဇီးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ပါလ်မီးရပ်စ်အသင်းသည် ဗာစကိုအသင်း၏ Sao Januario အားကစားကွင်းတွင် ကျင်းပခဲ့သည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ၁-၀ ဂိုး ရလဒ်ဖြင့် ဦးဆောင်ဝင်ရောက်ခဲ့သော်လည်း ဖာကွန်ဒိုကိုလီဒီယိုက ပွဲချိန် ၁၆ မိနစ်တွင် ဂိုးသွင်းယူခဲ့ရာ ၎င်း၏အသင်းအတွက် ရလဒ်တူ ပြန်လည်ရယူနိုင်ခဲ့သည်။
ဟွာကင်းပီကေးရက်ဇ်က တစ်ဖက်နောက်ခံကစားသမားကို လိမ်ခေါက်ကျော်ဖြတ်ကာ ဂိုးတိုင်အဝေးထောင့်ထဲသို့ ကွေးဝင်အောင် အဝေးမှလှလှပပကန်သွင်းခဲ့ပြီး ပါလ်မီးရပ်စ်အသင်းအတွက် နှစ်ကျော့ပေါင်းရလဒ်ဦးဆောင်မှုကို ပြန်လည်ရရှိစေခဲ့သည်။
သို့သော် ဂျိုဆေးလူးဝစ်ရိုဒရီဂွက်ဇ်က အလွတ်တည်ကန်ဘောကို အားပြင်းပြင်းကန်သွင်းခဲ့ရာ ဘောလုံးသည် နောက်ခံကစားသမားများ၏ခံစစ်တံတိုင်းအောက်ခြေမှ လျှောဝင်သွားပြီး ဂိုးသမားမီဂေးလ်၏ ဂိုးတိုင်အနီးဘက်ကိုကျော်လွန်ကာ ဂိုးရရှိခဲ့သည့်အတွက် ဗာစကိုအသင်းက ပွဲကို ပင်နယ်တီအဆုံးအဖြတ်သို့ ရောက်ရှိအောင် ကစားနိုင်ခဲ့သည်။
ပင်နယ်တီ အဆုံးအဖြတ်တွင်မူ မီဂေးလ်က အလန်လက်စ်ကာနိုနှင့် အန်းဒရီးစ်ဂိုးမက်ဇ်တို့၏ ပင်နယ်တီကန်ချက်များကို ကာကွယ်နိုင်ခဲ့သောကြောင့် ပါလ်မီးရပ်စ်အသင်းသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဘရာဇီးလီယာမြို့၌ ဂရီမီယိုအသင်းနှင့်ယှဉ်ပြိုင်ရမည့်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)
…………….
(English Version)
Palmeiras beats Vasco to reach Copa do Brasil final
RIO DE JANEIRO, Nov. 8 (Xinhua) -- Carlos Miguel saved two spot kicks as Palmeiras reached the Copa do Brasil final on Sunday by beating Vasco da Gama 5-4 on penalties.
Palmeiras took a 1-0 lead into the semifinal second leg at Vasco's Sao Januario Stadium but Facundo Colidio put his team on level terms with a 16th-minute strike.
Joaquin Piquerez restored Palmeiras' advantage on aggregate by dribbling around his marker and curling a long-range effort into the far corner.
But Vasco forced a shootout after Jose Luis Rodriguez drilled a free-kick that skidded under the defensive wall and beat Miguel at his near post.
Miguel saved attempts from Alan Lescano and Andres Gomez in the shootout as Palmeiras booked a place in the final against Gremio in Brasilia on December 6.
Photo caption: Gustavo Gomez (R) of Palmeiras heads the ball during the first leg of the Copa Libertadores semifinal football match between Brazil's Fluminense and Palmeiras at the Maracana stadium in Rio de Janeiro, Brazil, Oct. 14, 2026. (Photo by Daniel Ramalho/Xinhua)