Xinhua Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမ ၉ လတာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၁,၂၉၀ ကျော်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမ ၉ လတာကာလအတွင်း ယာဉ်မတော်တဆမှု ၂,၄၆၅ မှု ဖြစ်ပွားခဲ့ပြီး လူ ၁,၂၉၃ ဦး သေဆုံးကာ ၃,၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နိုဝင်ဘာ ၉ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှု ၅၃၂ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး လူ ၆၀၇ ဦး ဒဏ်ရာရရှိကာ ၂၇၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ကာလတူတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၂,၃၉၈ မှု ဖြစ်ပွားခဲ့ပြီး လူ ၁,၂၂၇ ဦး သေဆုံးကာ ၃,၃၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar