Xinhua Myanmar

ဒုတိယကမ္ဘာစစ်ကာလ "ဟမ့်လေကြောင်းလမ်း” တစ်လျှောက် တွေ့ရှိရသည့် အမေရိကန်လေတပ်သားများ၏ ရုပ်ကြွင်းများကို တရုတ်နိုင်ငံက လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချိန်တူးမြို့တွင် "ဟမ့်လေကြောင်းလမ်း” တစ်လျှောက် အမေရိကန် တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများ လွှဲပြောင်းခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ချိန်တူး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်မှုကို တရုတ်နိုင်ငံက ခုခံတွန်းလှန်ရာတွင် ကူညီပေးခဲ့သည့် အမေရိကန်လေတပ်သားများ၏ ရုပ်ကြွင်းများအား တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတစ်ခုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်၊ ချိန်တူးမြို့၌ နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ရုပ်ကြွင်းများကို ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်သွားရသည့် “ဟမ့်လေကြောင်းလမ်း” တစ်လျှောက်ရှိ ဒေသများမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤဟိမဝန္တာဖြတ်ကျော်လေကြောင်းလမ်းသည် စစ်ပွဲကာလအတွင်း တရုတ်နိုင်ငံအတွက် အသက်သွေးကြောသဖွယ် အရေးပါခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဤလမ်းကြောင်းသည် ဂျပန်ကျူးကျော်မှုကို တရုတ်နိုင်ငံက ခုခံတွန်းလှန်ရာတွင် ပံ့ပိုးကူညီရန် မဟာမိတ်တပ်ဖွဲ့များက ထောက်ပံ့ပစ္စည်းများ ပေးပို့ရာ၌ အဓိကကျသော လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………

(English version)

China hands over remains of U.S. airmen found along WWII Hump Route

CHENGDU, Nov. 10 (Xinhua) -- The Chinese and U.S. militaries on Tuesday held a ceremony in Chengdu, southwest China's Sichuan Province, where China handed over the remains of U.S. airmen who aided China's resistance against Japanese aggression during World War II (WWII), according to China's Ministry of National Defense.

The remains were recovered in areas along the Hump Route, a vital air corridor over the Himalayas that became a wartime lifeline for China. From 1942 to 1945, the route served as a key channel for Allied supplies to support China's resistance against Japanese aggression.

Photo caption: A transfer ceremony of the U.S. service members' remains along the Hump Route is held in Chengdu, southwest China's Sichuan Province, Nov. 10, 2026. (Xinhua)

မူရင်းသတင်း — Xinhua Myanmar