
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ယဉ်ကျေးမှုအနှစ်သာရ နက်ရှိုင်းခိုင်မာမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြစီမံခန့်ခွဲမှု စနစ်တကျရှိမှု၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု အရှိန်မြှင့်လာမှု... ဤအချက်များသည် ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများ၏စိတ်တွင် ခံယူထားသည့် တရုတ်နိုင်ငံဖြစ်သည်။ နိုင်ငံအသီးသီးက ထိပ်သီးအစည်းအဝေးကို ပလက်ဖောင်းအဖြစ် အသုံးပြု၍ အသိအမြင်ကွဲလွဲချက်များကို ပေါင်းကူးပေးရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ပရိသတ်များ တရုတ်နိုင်ငံကို ဘက်စုံ၊ ရှုထောင့်စုံမှ စစ်မှန်စွာ နားလည်သဘောပေါက်စေရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြသည်။
တရုတ်နိုင်ငံကို ကိုယ်တိုင်ကြုံတွေ့ခြင်း၊ တရုတ်နိုင်ငံ၏ အပြောင်းအလဲကို ခံစားသိရှိခြင်း
ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ ဖက်ဒရေးရှင်း သတင်းဌာန၏ အယ်ဒီတာချုပ် ဒေးယန် ယာဇ်ဗစ်ချ်သည် တရုတ်နိုင်ငံသို့ အကြိမ်များစွာ လာရောက်ခဲ့ဖူးသူဖြစ်သည်။ ၎င်းက “တရုတ်နိုင်ငံမှာ ကြီးမားနက်ရှိုင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ သူ့ရဲ့ စီးပွားရေးနဲ့ သိပ္ပံနည်းပညာ တိုးတက်မှုတွေကို အခုဆို နေရာအနှံ့မှာ တွေ့မြင်နိုင်တယ်။ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အပြောင်းအလဲကို မျက်မြင်တွေ့ကြုံခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံသို့ အကြိမ်များစွာ ရောက်ခဲ့ဖူးသူ ရဝမ်ဒါနိုင်ငံ IGIHE အမှုဆောင်အရာရှိချုပ် မေးယာ ဒဲရက်ခ် မူရင်းဒါဘီဂွီး အတွက်မူ တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် လူမှုယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအဆင့်သည် အံ့သြဖွယ်ရာဖြစ်သည်။ “ဒီနှစ်ပိုင်းတွေမှာ နိုင်ငံတကာမီဒီယာတွေ ဖော်ပြတဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ဟာ နည်းပညာ၊ အီလက်ထရောနစ်ထုတ်ကုန်၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ပိုပြီးဆက်စပ်လာခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ယခုအကြိမ် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး၏ အစီအစဉ်များသည် စုံလင်လှပြီး ယင်းတို့တွင် ဖွင့်ပွဲအခမ်းအနား၊ နိုင်ငံတကာ ပင်မမီဒီယာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဆွေးနွေးပွဲ၊ မျက်နှာစုံညီအစည်းအဝေး၊ ဖိုရမ်ခွဲများ၊ သိပ္ပံနည်းပညာပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် “ဗဟိုဝင်ရိုးည” ယဉ်ကျေးမှုလှုပ်ရှားမှု စသည်တို့ ပါဝင်သည်။ အစည်းအဝေးသို့ တက်ရောက်လာသူ အချို့သည် ပေကျင်းမြို့ ထိုက်မြောက်ဘုရားကျောင်း၊ ထျန်းထန်ဥယျာဉ်၊ စက်ရုပ်ကမ္ဘာ၊ ကျုံးကွမ်းချွမ်း ပြပွဲစင်တာ စသည့်နေရာများသို့ လည်ပတ်ခဲ့ပြီး စစ်မှန်သော တရုတ်နိုင်ငံကို ကိုယ်တိုင်ခံစားသိရှိခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.news.cn/world/20261107/8e63f36d54d5464e81e665625780710c/c.html

....................................
(Chinese Version)
综述丨从亲历到读懂:国际媒体人士共话真实中国
新华社北京11月7日电 综述|从亲历到读懂:国际媒体人士共话真实中国
文化底蕴深厚、基础设施发达、城市治理有序、科技创新加速……这是第七届世界媒体峰会与会人士眼中的中国。各方期待以峰会为平台消弭认知偏差、推进务实合作,帮助全球受众了解一个真实、立体、全面的中国。
亲历中国 感知中国之变
波黑联邦通讯社总编辑德扬·亚兹维茨数次到访中国。他说:“中国发生了翻天覆地的改变,其经济和科技进步如今随处可见。我很荣幸能见证中国的巨变。”
对同样多次赴华的卢旺达“时间”新闻网首席执行官梅勒尔·穆林达比格维而言,中国基础设施建设和人文发展水平令人惊叹。“而近些年,中国在国际媒体中的形象更多与科技、电子产品和创新联系在一起。”
本届世界媒体峰会日程丰富,包括开幕式、国际主流媒体合作高端对话会、全体会议、分论坛、科技展、图片展和“中轴之夜”文化活动等。部分与会人士还参访北京太庙、天坛公园、机器人大世界、中关村展示中心等地,亲身感知真实的中国。
https://www.news.cn/world/20261107/8e63f36d54d5464e81e665625780710c/c.html
图说1:11月6日,第七届世界媒体峰会上,多名外宾在北京机器人大世界现场参观。新华社记者 刘洋 摄
图说2:11月6日,出席第七届世界媒体峰会的部分嘉宾在天坛公园合影留念。新华社记者 张晨霖 摄