
ဟာဗားနား၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံ၏ အနာဂတ်သည် အမေရိကန်က ဆုံးဖြတ်ပေးရမည့်ကိစ္စ လုံးဝမဟုတ်ကြောင်း၊ အမေရိကန်က ကျူးဘားအား ဖိနှိပ်ရန် ကြိုးပမ်းသည့် အစီအစဉ်မှာ မည်မျှပင် ယုတ်မာကောက်ကျစ်စေကာမူ အဆိုပါအချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံအပေါ် လောင်စာပံ့ပိုးမှုများ ပိတ်ဆို့ထားခြင်း၊ ကျူးဘားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွား တိုးတက်ကောင်းမွန်မှုအတွက် အထောက်အကူပြုသောအရာမှန်သမျှအား ချိုးနှိမ်ထားခြင်း၊ မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုမျှ မရှိဘဲ ကျူးဘားနိုင်ငံပြည်သူများအား အုပ်စုလိုက်ဒဏ်ခတ်၊ ပိတ်ဆို့ထားခြင်းများမှာ အလွန်အမင်း ဆိုးရွားကြောင်း Miguel Diaz-Canel က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ဤလူမျိုးသုဉ်းသတ်ဖြတ်မှုလုပ်ရပ်သည် တရားမျှတသည်ဟု အမေရိကန်ပြည်သူနှင့် ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံမှ ပြည်သူများလက်ခံစေရန် သက်သေပြရန်အလို့ငှာ အမေရိကန်၏ လုပ်ကြံဖန်တီးထားသည့် မုသားစကားများသည် ပို၍အဓိပ္ပာယ်မဲ့လာကြောင်း၊ သို့ဖြစ်ရာ အမေရိကန်အား ယုံကြည်သူ ပိုမိုနည်းပါးလာကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် အဖြစ်မှန်နှင့် တရားမျှတမှုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Miguel Diaz-Canel က ထောက်ပြ ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်က အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာ၌ “ကျူးဘားနိုင်ငံက ဆုတ်ယုတ်နေတယ်၊ ကျရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်” ဟု ဆိုပြီး “ကျူးဘားနိုင်ငံ အစိုးရကလည်း မကြာခင် ပြိုလဲသွားတော့မှာပါ” ဟု ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံက ပိုမိုသာယာလှပသော အနာဂတ် ပိုင်ဆိုင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းကူညီပေးသွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ၌ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မီဒီယာအားဖြေကြားစဉ် ပြောကြားခဲ့သည်။
အမေရိကန်က ကျူးဘားအပေါ် ကာလကြာရှည်စွာ စီးပွားရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေးအရ အရေးယူ၊ ဒဏ်ခတ်၊ တားမြစ်မှုများ လုပ်ဆောင်ခဲ့သည်။ ယခုနှစ်တွင် အမေရိကန်က ဗင်နီဇွဲလား၊ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ရှေ့ဆင့်နောက်ဆင့် လုပ်ဆောင်ခဲ့ပြီးနောက် ထရမ့်အနေဖြင့် “နောက်တစ်ခုက ကျူးဘားပဲ” ဟု အကြိမ်များစွာ ခြိမ်းခြောက် ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
古巴国家主席:古巴的未来绝不会由美国决定
新华社哈瓦那11月9日电(记者蒋彪 李子健)古巴国家主席迪亚斯-卡内尔9日表示,古巴的未来绝不会由美国决定,无论美国试图压垮古巴的计划多么阴险,这一点都不会改变。
迪亚斯-卡内尔在社交媒体上说,美国封锁古巴燃料供应,并打压一切有助于古巴发展、改善人民福祉的事物,使古巴人民承受集体惩罚,却不为此承担任何责任,这种行径十分恶劣。
迪亚斯-卡内尔指出,美国为了向美国人民和世界其他国家人民证明这一种族灭绝行径的合理性,编造的谎言越来越荒谬,但相信美国的人却越来越少。古巴将继续为真相与正义而斗争。
当天早些时候,美国总统特朗普在白宫回答媒体提问时称,“古巴正在衰落,是一个失败的国家”,并表示“古巴政府很快就会垮台”。同日,美国国务卿鲁比奥在法国参加七国集团外长会议后回答媒体提问时表示,美国将尽一切努力帮助古巴拥有更美好的未来。
美国长期对古巴实施经济、金融封锁和贸易禁运。今年美国对委内瑞拉、伊朗相继发起军事行动后,特朗普曾多次威胁称,“下一个是古巴”。(完)
图说:7月26日,在古巴西部城市比那尔德里奥,古巴国家主席迪亚斯-卡内尔在庆典活动上讲话。新华社发(华金·埃尔南德斯摄)