Xinhua Myanmar

၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ရန်ကုန်ဆိပ်ကမ်းသို့ ကွန်တိန်နာတင်သင်္ဘော ၅၇၄ စင်း ဝင်‌ရောက်ဆိုက်ကပ်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ ၂၀၂၆ ခုနှစ် ပထမ ၁၀ လတာကာလအတွင်း ကွန်တိန်နာတင်သင်္ဘော စုစုပေါင်း ၅၇၄ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါဆိပ်ကမ်းက အောက်တိုဘာလအတွင်း ကွန်တိန်နာတင်သင်္ဘော ၅၆ စင်းအား ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလက ကွန်တိန်နာတင်သင်္ဘော ၆၃ စင်း ဝင်‌ရောက်မှုမှာ တစ်လအတွင်းသင်္ဘောဝင်ရောက်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းဆိပ်ကမ်းသို့ နိုဝင်ဘာလအတွင်း သင်္ဘော ၅၈ စင်း ထပ်မံဝင်ရောက်ရန် စီစဉ်ထားကြောင်းလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ကွန်တိန်နာတင်သင်္ဘော ဝင်ရောက်ဆိုက်ကပ်မှုများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၇၂၈ စင်း၊ ၂၀၂၄ ခုနှစ်တွင် ၆၃၃ စင်း၊ ၂၀၂၃ ခုနှစ်တွင် ၆၂၉ စင်း အသီးသီးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက နိုင်ငံတကာဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံ၏ ပုံမှန်ပို့ကုန်နှင့် သွင်းကုန် ကုန်စည်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆိပ်ကမ်းတွင် ရန်ကုန် အတွင်းဆိပ်ကမ်းနှင့် သီလဝါ အပြင်ဆိပ်ကမ်း တို့ ပါဝင်ပြီး ဆိပ်ခံတံတား စုစုပေါင်း ၄၈ ခု ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ကွန်တိန်နာများတင်ဆောင်ထားသည့် ထရပ်ကားများ တန်းစီနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………

(English Version)

Myanmar's Yangon Port receives 574 container vessels in 1st 10 months of 2026

YANGON, Nov. 11 (Xinhua) -- Myanmar's Yangon Port received 574 container vessels in the first 10 months of 2026, according to the country's port authority on Wednesday.

The port handled 56 container vessels in October, while the highest monthly figure was 63 in January, it said. A total of 58 vessels are scheduled to arrive at the port in November, it added.

Yangon Port handled 728 container vessels in 2025, up from 633 in 2024 and 629 in 2023.

As one of Myanmar's major international ports, Yangon Port handles more than 90 percent of the country's regular exports and imports. The port comprises the Yangon Inner Harbour and the Thilawa Outer Harbour, with a total of 48 berths.

Photo caption 1: This photo taken on July 10, 2026 shows a view of a port in Yangon, Myanmar. (Xinhua/Myo Kyaw Soe)

Photo caption 2: Trucks carrying containers queue near a port in Yangon, Myanmar, July 10, 2026. (Xinhua/Myo Kyaw Soe)

မူရင်းသတင်း — Xinhua Myanmar