
ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကိုပါအမေရိကဖလား လက်ရှိချန်ပီယံနှင့် ဖီဖာကမ္ဘာ့ဖလားဒုတိယဆုရှင် အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ကစားရင်း မိမိတို့အသင်း၏ တိုးတက်မှုကို အကဲဖြတ်ရန် စိတ်အားထက်သန်နေကြောင်း ဥရုဂွေးအသင်းမန်နေဂျာ ဒီယေဂို ဖော်လန်က နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်မြို့ရှိ လာဘွန်ဘိုနဲရာ အားကစားကွင်း၌ နိုဝင်ဘာ ၁၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲမှာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဂျပန်အသင်းကို ရှုံးနိမ့်ပြီး တောင်ကိုရီးယားနှင့် အိန္ဒိယအသင်းတို့ကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်များနောက်ပိုင်း ဖော်လန်အနေဖြင့် ဥရုဂွေးအသင်းကို လေးပွဲမြောက် ကိုင်တွယ်မည့်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် ဥရုဂွေးအသင်းမှာ နိုဝင်ဘာ ၁၇ ရက်၌လည်း အိမ်ကွင်းတွင် ဒိုမီနီကန်အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။
"အာဂျင်တီးနားနဲ့ ကစားရနိုင်ခြေရှိတယ်လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ကျွန်တော့်ကိုပြောတော့ ကျွန်တော် ချက်ချင်းပဲသဘောတူခဲ့တယ်" ဟု ဖော်လန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
"ဒီလိုပွဲစဉ်တွေက ကြီးကျယ်ခမ်းနားသလို လက်ရွေးစင်အသင်းကြီးတစ်သင်းနဲ့လည်း ကစားခွင့်ရမှာလေ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေဖို့က အမြဲတမ်း အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက်ရော သူတို့အတွက်ပါ ခက်ခဲရှုပ်ထွေးတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဒီပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့်နောက် ဩဂုတ်လတွင် ယခင်နည်းပြ မာဆယ်လို ဘီရယ်လ်ဆာ၏ နေရာကို အစားထိုးတာဝန်ယူခဲ့သည့် ဖော်လန်က ၎င်းစတင်ကိုင်တွယ်ခဲ့သည့် ပွဲစဉ်သုံးပွဲစလုံးတွင် အသင်း၏ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိသည်ဟု ဆိုသည်။
"ဂျပန်အသင်းနဲ့ အဖွင့်ပွဲစဉ်မှာ နောက်ဆုံးမိနစ်ရောက်မှ အနိုင်ဂိုးခွင့်ပြုခဲ့ရပေမဲ့ အဲဒီပွဲစဉ်တွေက စွမ်းဆောင်ရည်တွေအပေါ် ကျွန်တော် အတော်လေး ကျေနပ်အားရပါတယ်" ဟု မန်ချက်စတာယူနိုက်တက်၊ အက်သလက်တီကို မက်ဒရစ်နှင့် အင်တာမီလန်အသင်း တိုက်စစ်မှူးဟောင်းက ပြောသည်။
"တောင်ကိုရီးယားလို ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာဆိုရင် ကျွန်တော်တို့ သိပ်ကိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ အိန္ဒိယအသင်းနဲ့ပွဲမှာတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က နည်းနည်းကျဆင်းသွားခဲ့တယ်။ သူတို့ဘက်က ချေပဂိုးပြန်သွင်းသွားခဲ့ပြီး ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဥရုဂွေးအသင်းရဲ့ အရည်အသွေးနဲ့ ကစားဟန်က ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့တယ်။ ကျွန်တော်တို့ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်ရင်း ဆက်ပြီးကြိုးစားရမှာပါ။ ခံစစ်ဇုန်မှာ ဟန်ချက်ညီညီနဲ့ ထိန်းချုပ်ထားရင်း တိုက်စစ်ဆင်ရမှာပါ" ဟု ဖော်လန်က ပြောကြားခဲ့သည်။
ဖော်လန်အနေဖြင့် အာဂျင်တီးနား၊ ဒိုမီနီကန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များတွင် အဓိကကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီကို ပထမဆုံးအကြိမ် ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ အဆိုပါ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမားမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ယခင်နိုင်ငံတကာပွဲစဉ်ကာလတွင် အနားယူနေခဲ့ရခြင်းဖြစ်သည်။
"သူ့ကို ဘယ်နေရာမှာ အသုံးပြုနိုင်မလဲဆိုတာ သိရအောင် ကွင်းလယ်ပိုင်းကို ဘယ်လိုမျိုး စုဖွဲ့အထိုင်ချမယ်ဆိုတာ ကျွန်တော်တို့ လေ့လာသုံးသပ်ရမှာပါ" ဟု ဖော်လန်က ဆိုသည်။ (Xinhua)
..................................
(English Version)
Uruguay ready for Argentina test: Forlan
BUENOS AIRES, Nov. 11 (Xinhua) -- Uruguay manager Diego Forlan said Wednesday his team is eager to gauge its progress against reigning Copa America champion and FIFA World Cup runner-up Argentina.
Friday's friendly at La Bombonera in Buenos Aires will be Forlan's fourth game in charge of Uruguay following a loss to Japan and victories over South Korea and India in September and October. The South American team will also face the Dominican Republic at home in another friendly next Tuesday.
"When they [Uruguayan Football Association officials] told me about the possibility [of playing Argentina] I automatically said yes," Forlan told reporters.
"These are spectacular matches and against a great national team. It is always important to test yourself. It is going to be a complicated match for us and for them. We hope to enjoy it."
Forlan, who replaced Marcelo Bielsa in August following Uruguay's failure to reach the World Cup knockout stage, said he was encouraged by the team's first three games under his stewardship.
"I was very pleased with those performances, despite the last-minute loss in the opening game against Japan," the former Manchester United, Atletico Madrid and Inter Milan striker said.
"In the South Korea match, we displayed a very high standard against a top-tier team. Against India we dropped our level a bit. They tied it up and it was a tough match, but then Uruguay's quality and style shone through. We have to stay on that path, keep working and be offensive while maintaining balance and control in the defensive zone."
Forlan will have the luxury of calling upon influential midfielder Federico Valverde for the first time against Argentina and the Dominican Republic. The Real Madrid star was sidelined during the last FIFA international window due to a sprained ankle.
"We will have to look at how to structure the midfield to see in which position we can use him," Forlan said.