
Tesla ကုမ္ပဏီရဲ့ Optimus လူပုံစံတူ စက်ရုပ်တွေဟာ မကြာခင်မှာ ပန်းကန်ခွက်ယောက်တွေ ဆေးကြောတာ၊ ခြောက်သွေ့အောင် လုပ်တာနဲ့ ဗီရိုထဲ ပြန်သိမ်းတာလိုမျိုး အိမ်မှုကိစ္စတွေကို လုပ်ဆောင်နိုင်တော့မယ်လို့ Elon Musk က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ TomorrowX Summit မှာ ပြောကြားခဲ့တာဖြစ်ပြီး လာမယ့် ၁၂ လကနေ ၁၈ လအတွင်း Optimus စက်ရုပ်တွေက အဲဒီအလုပ်တွေကို ကိုင်တွယ်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း သူက ဆိုပါတယ်။

Elon Musk ရဲ့ ပြောပြချက်အရ စက်ရုပ်ဟာ စားကြွင်းစားကျန်တွေ ကျန်နေတဲ့ ပန်းကန်အညစ်အကြေးကို ကောက်ယူပြီး သန့်ရှင်းရေးလုပ်တာ၊ ဆေးကြောတာ၊ ခြောက်အောင်လုပ်တာနဲ့ ဗီရိုထဲ ပြန်ထည့်တာအထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမှိုက်ပစ်တာလိုမျိုး တခြားအိမ်မှုကိစ္စတွေကိုပါ စက်ရုပ်က လုပ်ဆောင်နိုင်မယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ Tesla အနေနဲ့ Optimus စက်ရုပ်တွေကို တခြားနယ်ပယ်တွေဆီ မတိုးချဲ့ခင်မှာ သတ္တုတူးဖော်ရေးနဲ့ သတ္တုသန့်စင်ရေးလိုမျိုး အကြီးစားစက်မှုလုပ်ငန်းတွေမှာ အရင်ဆုံး အသုံးပြုဖို့ အာရုံစိုက် စီစဉ်ထားတယ်လို့လည်း Elon Musk က ပြောကြားသွားပါတယ်။
Ref : Technology Innovation