နိုဝင်ဘာ ၂၀
သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ယနေ့အထိရောက်ရှိမှုသည် နှစ်သန်းကျော်ရောက်ရှိခဲ့ရာ စံချိန်စံညွှန်းကိုကျော်လွန်ကာ သုံးနှစ်ဆက်တိုက်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး၊ နိုင်ငံခြား အလုပ်အကိုင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ၊ နိုင်ငံတကာလေယာဉ်ခရီးစဉ်လမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ခြင်း၊ လေယာဉ်လောင်စာဆီဈေးနှုန်းမြင့်မားခြင်းနှင့် စီးပွားရေးမရေရာမှုများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်း ခရီးသွားလုပ်ငန်း ဆက်လက်တိုးတက်မှုသည် သီရိလင်္ကာနိုင်ငံအပေါ် နိုင်ငံတကာ၏ယုံကြည်မှုကို ထင်ဟပ်စေကြောင်း ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး Ruwan Ranasinghe က လွှတ်တော်သို့ ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၂၀ ရက်အတွင်း နေ့စဉ်ပျမ်းမျှခရီးသွားရောက်ရှိမှု ၇၄၈၀ ဦးအထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလအတွင်း ၇၁၃၀ ဦးရှိရာ ၄ ဒသမ ၉ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။
နိုင်ငံတကာလေကြောင်းလိုင်းဝန်ဆောင်မှုအသစ်များ စတင်ခြင်း၊ တိုက်ရိုက်လေယာဉ်ချိတ်ဆက်မှုများ တိုးချဲ့ခြင်း၊ ခရီးသွားလုပ်ငန်းဈေးကွက်အသစ်များသို့ ဝင်ရောက်ခြင်းနှင့် ပိုမိုအားကောင်းသော ပရိုမိုးရှင်းလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည်ဟု ၎င်းက ဆိုသည်။
အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းမှ ရရှိလာသည့် စီးပွားရေးအကျိုးအမြတ်များကို ပိုမိုတိုးမြှင့်ရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ခရီးသွားလုပ်ငန်းမှ ဝင်ငွေခန့်မှန်းတွက်ချက်သည့် နည်းစနစ်များကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်လည်း ကြိုးပမ်းလျက်ရှိကြောင်းနှင့် ထိုသို့ ပြုပြင်ရာတွင် ငွေလဲနှုန်း အပြောင်းအလဲများ၊ စီးပွားရေးအခြေအနေများနှင့် ခရီးသွားများ၏ အသုံးစရိတ်ပုံစံ ပြောင်းလဲလာမှုများကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံသည် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု နှစ်သန်းအဆင့်ကို ပြန်လည်ရောက်ရှိခဲ့ပြီး ထိုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် အဆိုပါအရေအတွက်ကို ပြည့်မီခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်အထိ ခရီးသွား နှစ်သန်းကျော် ရောက်ရှိခဲ့ပြီး ယခု၂၀၂၆ ခုနှစ်တွင်လည်း နိုဝင်ဘာ ၂၀ ရက်၌ အဆိုပါအဆင့်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို