Xinhua Myanmar

ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့ “ထျန်းကုန်း” အာကာသစခန်းအတွင်းသို့ ဝင်ရောက်၊ တရုတ်နှင့် နိုင်ငံခြားသား အာကာသယာဉ်မှူးများ ပထမဆုံးအကြိမ် “အာကာသအတွင်း လက်ဆွဲနှုတ်ဆက်”

တရုတ်နိုင်ငံ ပေကျင်း အာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ၏ ပျံသန်းမှုထိန်းချုပ်ခန်းမတွင် ရှန်ကျိုး-၂၃ အာကာသယာဉ်မှူးအဖွဲ့နှင့် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့ တွေ့ဆုံပြီးနောက် “မိသားစုဓာတ်ပုံ” ရိုက်ကူးနေသည့် အချိန်နှင့်တစ်ပြေးညီ မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်တွင် “ထျန်းကုန်း” အာကာသစခန်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီး တရုတ်နှင့် နိုင်ငံခြားသား အာကာသယာဉ်မှူးများသည် ပထမဆုံးအကြိမ် “အာကာသအတွင်း လက်ဆွဲနှုတ်ဆက်မှု” ကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။

လူလိုက်ပါ အာကာသယာဉ်နှင့် အာကာသစခန်းပူးတွဲအပိုင်းတို့ အောင်မြင်စွာ ချဉ်းကပ်ချိတ်ဆက်မှု ပြီးမြောက်ပြီးနောက် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့သည် အာကာသယာဉ် ပြန်ဆင်းမည့်ယာဉ်မှ ဂြိုဟ်ပတ်လမ်းအခန်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့ကြကြောင်း၊ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ဂြိုဟ်ပတ်လမ်းအတွင်း တာဝန်ထမ်းဆောင်နေသော ရှန်ကျိုး-၂၃  အာကာသယာဉ်မှူးအဖွဲ့သည် ၎င်းတို့၏ “အိမ်တံခါး” ကို ချောမွေ့စွာ ဖွင့်လှစ်ကာ အဝေးမှ ရောက်ရှိလာသော အာကာသယာဉ်မှူး ၃ ဦး တရုတ်အာကာသစခန်းအတွင်းဝင်ရောက်လာမှုကို ကြိုဆိုခဲ့ကြပြီး တရုတ်နှင့် နိုင်ငံခြားသား အာကာသယာဉ်မှူးများ ပထမဆုံးအကြိမ် “အာကာသအတွင်း လက်ဆွဲနှုတ်ဆက်မှု” ကို အကောင်အထည်ဖော်နိုင်ခဲ့ကြကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ရုံး၏ မိတ်ဖက်ပြောကြားချက်အရ သိရသည်။

ယင်းမှာ တရုတ်နိုင်ငံ၏အာကာသသမိုင်းတွင် ၉ ကြိမ်မြောက် “အာကာသအတွင်း တွေ့ဆုံမှု” ဖြစ်ပြီး “ထျန်းကုန်း” အာကာသစခန်းသို့ နိုင်ငံခြားသား အာကာသယာဉ်မှူး ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။ ထို့နောက် အာကာသယာဉ်မှူး ၆ ဦးသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဤသမိုင်းဝင် အခိုက်အတန့်ကို မှတ်တမ်းတင်ခဲ့ကြသည်။ နောက်ဆက်တွဲအနေဖြင့် အာကာသယာဉ်မှူး ၆ ဦးသည် အာကာသစခန်းတွင် ဂြိုဟ်ပတ်လမ်းအတွင်း တာဝန်လွှဲပြောင်းမှုကို ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

.................................

(Chinese Version)

神舟二十四号|神二十四乘组进驻“天宫” 中外航天员首次“太空握手”

新华社酒泉11月25日电(记者李国利、米思源)神舟二十四号航天员乘组25日顺利进驻“天宫”,中外航天员实现首次“太空握手”。  

据中国载人航天工程办公室介绍,在载人飞船与空间站组合体成功交会对接后,神舟二十四号航天员乘组从飞船返回舱顺利进入轨道舱。25日14时35分,在轨执行任务的神舟二十三号航天员乘组顺利打开“家门”,欢迎远道而来的3名航天员入驻中国空间站,中外航天员实现首次“太空握手”。  

这是中国航天史上第9次“太空会师”,也是“天宫”首次迎来外籍航天员。随后,6名航天员合影留念,记录下这一历史性时刻。后续,6名航天员将在空间站进行在轨轮换。(完)

图说1:这是11月25日在北京航天飞行控制中心飞控大厅拍摄的神舟二十三号航天员乘组和神舟二十四号航天员乘组会师后拍摄“全家福”照片的实时画面。新华社记者 金立旺 摄

图说2:这是11月25日在北京航天飞行控制中心飞控大厅拍摄的神舟二十三号航天员乘组和神舟二十四号航天员乘组会师后交流的实时画面。新华社记者 金立旺 摄

တရုတ်နိုင်ငံ ပေကျင်း အာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ၏ ပျံသန်းမှုထိန်းချုပ်ခန်းမတွင် ရှန်ကျိုး-၂၃ အာကာသယာဉ်မှူးအဖွဲ့နှင့် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့ တွေ့ဆုံပြီးနောက် အပြန်အလှန် ဖလှယ်ပြောဆိုနေသည့် အချိန်နှင့်တစ်ပြေးညီ မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar