Xinhua Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် မိုင်းပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွါးရာ နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် နိုဝင်ဘာ ၂၄ ရက်က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

တံတားဦးမြို့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာ အများပြည်သူသွားလာရာ လမ်းဘေးတွင် မသင်္ကာဖွယ် ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကာ အရပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

မူရင်းသတင်း — Xinhua Myanmar