
ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသအများစုကို နိုဝင်ဘာ ၂၆ ရက်က အင်အားပြင်း မုန်တိုင်းတစ်ခုက တိုက်ခတ်ခဲ့ရာ အိမ်ထောင်စု ၁ သန်း နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ခရီးစဉ် အများအပြား နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထိုနေ့တွင် အပြင်းထန်ဆုံး လေတိုက်နှုန်းအရှိန်သည် တစ်နာရီလျှင် ၁၁၂ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး သစ်ပင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခဲ့ရကြောင်း မီဒီယာအများအပြား၏ သတင်းအရ သိရသည်။ အင်အားပြင်းလေမုန်တိုင်းကြောင့် ကမ်းရိုးတန်း မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ပင်လယ်ရေဝင်ရောက်ကာ ရေကြီး၊ရေလျှံမှုများဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံ အမျိုးသားလျှပ်စစ်မီးပြတ်တောက်မှု အချက်အလက်ကွန်ရက်၏ ဒေတာများအရ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်အထိ တစ်နိုင်ငံလုံးတွင် အိမ်ထောင်စုပေါင်း ၉၆၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန် လေယာဉ်ခရီးစဉ် ခြေရာခံဝက်ဘ်ဆိုက်၏ စာရင်းကောက်ယူမှုအရ အင်အားပြင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် အကြိမ်ရေ ၄၄၀ ပယ်ဖျက်ခံခဲ့ရပြီး ခရီးစဉ်အကြိမ်ရေ ၂,၂၀၀ ကျော် နှောင့်နှေးမှုဖြစ်ပွားခဲ့ကာ ဝါရှင်တန်နှင့် နယူးယောက်မြို့တို့၏ အဓိကလေဆိပ်များတွင် သက်ရောက်ခံရမှု အဆိုးရွားဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ထရမ့်က အင်အားပြင်းမုန်တိုင်းနှင့် ရေကြီးမှုဒဏ်ခံခဲ့ရသော ဖလော်ရီဒါပြည်နယ်အတွက် ဖက်ဒရယ်အကူအညီ ပေးအပ်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
强风暴席卷美国东部致大范围停电和航班受阻
新华社华盛顿11月26日电 一场强风暴26日席卷了美国东部沿海大部分地区,已造成近100万户家庭断电,大量航班延误或取消。
据多家媒体报道,当日的强阵风最高时速达112公里,导致树木和输电线路毁损。强风还造成部分沿海低洼社区出现沿海洪水。根据全美停电信息网的数据,截至美国东部时间26日19时30分,全美超过96万户家庭断电。
此外,美国航班跟踪网站的统计显示,强风暴还造成440架次航班被取消,超过2200架次航班延误。华盛顿和纽约市主要机场受到的影响最为严重。
美国总统特朗普26日表示,已批准向遭强风暴和洪水袭击的佛罗里达州提供联邦援助。(完)
图说1:11月26日,美国纽约时报广场因强风暴白昼如夜。新华社记者 张凤国 摄
图说2:这是11月26日在美国纽约拍摄的因强风暴停航的飞机。新华社记者 张凤国 摄