
ဆန်းကျန့် (ကွမ်တုန်း)၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၂၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာ အဆင့်မြင့်နည်းပညာ ပြပွဲ (CHTF) ကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ဆန်းကျန့် အပြည်ပြည်ဆိုင်ရာ ပြပွဲနှင့် ကွန်ဗင်းရှင်စင်တာ (ပေါင်အန်း) တွင် နိုဝင်ဘာ ၂၆ ရက်က ဖွင့်လှစ် ကျင်းပခဲ့သည်။ ယခုအကြိမ် CHTF ၏ ခေါင်းစဉ်မှာ “ဆန်းသစ်တီထွင်မှုဖြင့် ပြောင်းလဲမှုကို ဦးဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာကြီးကို ချိတ်ဆက်ခြင်း” ဖြစ်ပြီး ပြပွဲ စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၄၀၀,၀၀၀ ရှိကာ ပြပွဲတွင် ကမ္ဘာ့နိုင်ငံနှင့် ဒေသ ၁၂၀ ကျော်မှ အဖွဲ့အစည်းပေါင်း ၅,၀၀၀ အထိ ပါဝင်ပြသခဲ့သည်။ ပြပွဲကာလမှာ နိုဝင်ဘာ ၂၈ ရက်အထိ ဖြစ်သည်။
တရုတ် နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်အဆင့်၊ နိုင်ငံတကာ အဆင့် နည်းပညာပွဲတော်ကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ “CHTF” ကို “တရုတ် နံပါတ်တစ် နည်းပညာ ပြပွဲ” ဟု ချီးကျူးခေါ်ဝေါ်ခြင်း ခံရပြီး နည်းပညာ ရလဒ်များကို ကုန်စည်အဖြစ်၊ စက်မှုလုပ်ငန်းအဖြစ် အသွင်ပြောင်းရေးကို တွန်းအားပေးရန်၊ နိုင်ငံတကာ နည်းပညာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ဟူသော အရေးပါသည့် တာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်လျက် ရှိသည်။ (Xinhua)
............................
(Chinese Version)
“中国科技第一展”在深圳开幕
新华社照片,深圳(广东),2026年11月26日
11月26日,第二十八届中国国际高新技术成果交易会(简称“高交会”)在深圳国际会展中心(宝安)开幕。本届高交会以“创新引领变革·合作链接全球”为主题,展览综合总面积达40万平方米,参展机构总数达到5000家,来自全球120余个国家和地区。会期将持续至11月28日。
作为经国务院批准创办的国家级、国际性科技盛会,高交会被誉为“中国科技第一展”,持续肩负推动科技成果商品化、产业化,促进国际科技交流合作的重要使命。