Eleven Media Group

စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ပါက အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ရောင်းထုတ်ရန် နာပိုလီ အသင့်ရှိ

Photo: Goal.com

နာပိုလီအသင်းသည် အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာအား အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ပါက ရောင်းထုတ်ရန်အသင့် ရှိနေကြောင်း သိရသည်။

ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာ (၂၃ နှစ်)သည် နာပိုလီအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။

နာပိုလီအသင်းသည် ခွာရတ်စကယ်လီယာအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေပြီး ကစားသမားဘက်က ငြင်းဆန်ခဲ့ပါက ရောင်းထုတ်ရန်အသင့်ရှိနေကြောင်း သိရှိရသည်။

ခွာရတ်စကယ်လီယာကို ခေါ်ယူရန် ဘာစီလိုနာနှင့် လီဗာပူးလ်တို့ ကစိတ်ဝင်စားနေပြီး နာပိုလီအသင်းက ၎င်းအတွက် ယူရိုသန်း (၁၀၀)အလိုရှိနေကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group