Xinhua Myanmar

မော်ရိုကိုအသင်း ဖီဖာအမျိုးသားကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅ အထိ စံချိန်တင်တက်လှမ်းလာ

မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စ်တာဒီယို မွန်တာရေးအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က နယ်သာလန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်မတိုင်မီ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေသည့် မော်ရိုကိုအသင်းသားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်သည့် ယခုနောက်ဆုံး ဖီဖာအမျိုးသားကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မော်ရိုကိုအသင်းက အဆင့် ၅ နေရာသို့ စံချိန်တင်တက်လှမ်းနိုင်ခဲ့ပြီး ယင်းမှာ ၁၉၉၃ ခုနှစ်တွင် အဆင့်သတ်မှတ်ချက်စနစ် စတင်ပေါ်ပေါက်လာချိန်မှစ၍ မော်ရိုကိုအသင်း ရရှိခဲ့သည့် အမြင့်ဆုံးနေရာဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်မှစ၍ ကစားခဲ့သည့် ပွဲစဉ်များတွင် လေးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်များ ရယူနိုင်ခဲ့သည့် မော်ရိုကိုအသင်းသည် ပေါ်တူဂီနှင့် ဘရာဇီးအသင်းများကို ကျော်တက်သွားခဲ့သည်။ ပေါ်တူဂီနှင့် ဘရာဇီးအသင်းတို့ကမူ အဆင့် ၆ နှင့် အဆင့် ၇ နေရာများသို့ အသီးသီး ကျဆင်းသွားခဲ့သည်။

ထိပ်ဆုံးနေရာ ၄ နေရာတွင် မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ဘဲ စပိန်အသင်းက ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ၎င်း၏နောက်တွင် အာဂျင်တီးနား၊ ပြင်သစ်နှင့် အင်္ဂလန်အသင်းတို့ အစဉ်လိုက် ရပ်တည်နေကြသည်။

ဘယ်လ်ဂျီယမ်နှင့် နယ်သာလန်အသင်းတို့ကလည်း အဆင့် ၈ နှင့် အဆင့် ၉ နေရာများတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ကြသည်။ ကိုလံဘီယာအသင်းမှာမူ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေနှင့် တစ်ပွဲရှုံး ရလဒ်များကြောင့် အဆင့်တစ်ဆင့် တက်လာပြီး အဆင့် ၁၀ နေရာသို့ ရောက်ရှိလာခဲ့သည်။

မက္ကဆီကိုအသင်းကမူ ထိပ်ဆုံး ၁၀ သင်းစာရင်းမှ ထွက်သွားခဲ့ရပြီး ကနေဒါအသင်းမှာမူ နှစ်နေရာ တက်လှမ်းလာကာ ၎င်းတို့အတွက် အမြင့်ဆုံးစံချိန်ဖြစ်သည့် အဆင့် ၂၅ နေရာသို့ ရောက်ရှိလာခဲ့သည်။

နောက်တစ်ကြိမ် ဖီဖာအမျိုးသားကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Morocco rises to record fifth in FIFA men's world rankings

GENEVA, Nov. 19 (Xinhua) -- Morocco climbed to a record fifth place in the latest FIFA men's world rankings released Wednesday, its highest position since the rankings were introduced in 1993.

The Atlas Lions moved ahead of Portugal and Brazil, which dropped to sixth and seventh, respectively, after notching four wins and a draw since September 25.

Spain retained the top spot, followed by Argentina, France and England, with the top four remaining unchanged.

Belgium and the Netherlands also held their positions in eighth and ninth, respectively, while Colombia rose one place to 10th after recording two wins, two draws and a defeat.

Mexico dropped out of the top 10, while Canada climbed two places to a record-high 25th.

The next FIFA men's world rankings are scheduled to be released December 16, 2026. ■

Photo caption: Players of Morocco pose for a group photo before the round of 32 match between the Netherlands and Morocco at the 2026 FIFA World Cup at Estadio Monterrey in Monterrey, Mexico, on June 29, 2026. (Photo by Martin Zabala/Xinhua)

မူရင်းသတင်း — Xinhua Myanmar