Eleven Media Group

စပိန်လာလီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်

Photo: Facebook

အိုဆာဆူနာ - ဗီလာရီးယဲလ် (တနင်္ဂနွေည ရး၃၀ နာရီ)
အိုဆာဆူနာရဲ့ အိမ်ကွင်းကစားအားအရ ဗီလာရီးယဲလ် အခက်တွေ့နိုင်မယ့်ပွဲမျိုးပါပဲ။ ဗီလာရီးယဲလ်ရဲ့အဝေးကွင်းခံစစ် ပိုင်းစိတ်မချရမှုကလည်း အိမ်ရှင်အိုဆာဆူနာအတွက်အခွင့် အရေးယူစရာလိုဖြစ်နေလို့ ဒီပွဲက အိုဆာနာတိုက်စစ်ဘယ် လောက်အလုပ်ဖြစ်မလဲဆိုတာပဲ အဓိကစောင့်ကြည့်ရမယ်။ အိုဆာဆူနာနဲ့ ဂိုးအများပဲရွေးထားလိုက်တယ်။

ဆီဗီလာ - ဗယ်လက်ကာနို (တနင်္ဂနွေည ၉း၄၅ နာရီ)
ဆီဗီလာကစားပုံက Rhythm မမိသေးသလိုဖြစ်နေပြီး အတက်အကျမြန်တယ်။ နောက်ပိုင်းနှစ်တွေမှာလည်း ဗယ် လက်ကာနိုနဲ့တွေ့တိုင်း ခက်ခက်ခဲခဲရင်ဆိုင်နေရတာလည်း တွေ့ရတယ်။ ဗယ်လက်ကာနိုကတော့ ကွင်းမရွေးထိန်းကစား တတ်တဲ့အသင်းမျိုးဖြစ်လို့ ဆီဗီလာရဲ့လက်ရှိခြေစွမ်းအရတော့ ဗယ်လက်ကာနိုအနိမ့်ဆုံးသရေတစ်မှတ်ယူသွားဦးမယ်ထင် တယ်။ ဂိုးလည်းနည်းမယ်။

လီဟာနက်စ် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
လီဟာနက်စ်က ခုမှတန်းတက်လာတဲ့အသင်းဆိုပေမယ့် တန်းပြန်မဆင်းရခင်တွေ့ခဲ့တဲ့အချိန်တွေမှာတော့ အိမ်ကွင်းဆို ရင် ရီးယဲလ်မက်ဒရစ်ကို အကောင်းဆုံးပြန်ရင်ဆိုင်ပြတတ်တဲ့ အသင်းဖြစ်တယ်။ တန်းမဆင်းရခင် ၂၀၁၉-၂၀ ကာလတွေ တုန်းက ရီးယဲလ်နဲ့နောက်ဆုံးဆုံခဲ့တဲ့ အိမ်ကွင်း (၃)ပွဲစလုံးအ ရှုံးမရှိဘဲ (၁)ပွဲနိုင်၊ (၂)ပွဲသရေကစားထားတယ်။ အခုလက်ရှိ လီဟာနက်စ်ရဲ့ခြေစွမ်းကလည်း မဆိုးလှဘူး။ အိမ်ကွင်းနောက် ဆုံး (၂)ပွဲမှာ ဆီဗီလာနဲ့ ဆယ်လ်တာဗီဂိုတို့လိုအသင်းတွေကို ပေးဂိုးမရှိအနိုင်ယူပြထားတယ်။ ဒါကြောင့် ခံစစ်မှာ ဒဏ်ရာ တွေကြောင့် အခက်တွေ့နေတဲ့ ရီးယဲလ်မက်ဒရစ်အတွက် လီ ဟာနက်စ်ကွင်းမှာ အခက်အခဲတွေ့နိုင်ဖို့များနေတယ်။ ဒီပွဲအ ပြီးလီဗာပူးလ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲနွှဲရဦးမှာဆိုတော့ ရီး ယဲလ်အသာရဖို့ခက်လိမ့်မယ်။ လီဟာနက်စ်နဲ့ ဂိုးအများပါပဲ။

ဘီလ်ဘာအို - ဆိုစီဒက် (တနင်္လာနံနက် ၂း၃၀ နာရီ)
လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းအရ ဘီလ်ဘာအိုကသာ တယ်။ ဆိုစီဒက်ကတော့ ဒီရာသီပထမပိုင်းကာလမှာ အကောင်း ဆုံးပုံစံမတွေ့ရဘဲ ရုန်းရင်းကန်ရင်းဖြတ်သန်းနေရတယ်။ အစဉ် အလာအရလည်း ဘီလ်ဘာအိုတို့ အိမ်ကွင်းမှာဆိုရင် ဆိုစီဒက် ကိုအသာရလေ့ရှိတယ်။ နှစ်သင်းစလုံးဒီပွဲအပြီး ယူရိုပါလိဂ်ပွဲ တွေကိုယ်စီကစားရဖို့ရှိနေတာပေမယ့် ဘီလ်ဘာအိုကဖိအား နည်းပါတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

မူရင်းသတင်း — Eleven Media Group