
ဂျီနိုအာ - ကာဂလီယာရီ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)
ဂျီနိုအာက ကာဂလီယာရီနဲ့တွေတဲ့ နောက်ဆုံး (၉)ပွဲမှာ (၁)ပွဲပဲ ရှုံးပြီး (၆)ပွဲနိုင်ခဲ့တယ်။ တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို သွားနိုင်ဖို့ အိမ်ကွင်းမှာ ဂျီနိုအာ အနိုင်ကစားလိမ့်မယ်။ (၂)သင်း ပေါင်းသွင်းဂိုး နည်းနိုင်တယ်။
ကိုမို - ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)
ဖာဘရီဂတ်စ်ရဲ့ ကိုမိုက နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး တိုက်စစ်ပိုင်းကလည်း ရုန်းကန်လာရတယ်။ ဖီအိုရင်တီးနားကတော့ စီးရီးအေနောက်ဆုံး (၈)ပွဲမှာ (၇)ပွဲအ ထိအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ ရုန်းကန်လာ မယ့် ကိုမိုနဲ့ စွန့်စားသင့်တယ်။
တိုရီနို - မွန်ဇာ (တနင်္ဂနွေည ၈း၃၀ နာရီ)
မွန်ဇာက ဒီရာသီ စီးရီးအေမှာ တစ်ပွဲတည်းနိုင်သေးပြီး နောက်ဆုံး(၃)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့တယ်။ တိုရီ နိုကလည်း အကျပိုင်းရောက်နေပြီး စိတ်ပျက်စရာရှုံးပွဲဆက်နေ တယ်။ သရေကျဖို့များတယ်။
နာပိုလီ - ရိုးမား (တနင်္ဂနွေည ၁၁း၃၀ နာရီ)
နာပိုလီက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး အေစီမီလန် ကို နိုင်၊ အင်တာမီလန်ကို သရေ၊ အတ္တလန်တာကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ကွန်တီရဲ့အသင်းက အားကောင်းဆဲဖြစ်တယ်လို့ ဆိုရ မယ်။ လူကာကူ၊ ခွာရတ်စကယ်လီယာ၊ ပိုလီတာနို၊ တွမ်မီနေး တို့ အစုအဖွဲ့က အတော့်ကို အလုပ်ဖြစ်နေတယ်။ ရိုးမားကတော့ ဆိုးရွားလွန်းတဲ့ကစားပုံနဲ့ စိတ်ပျက်စရာရှုံးပွဲတွေ ရင်ဆိုင်နေရ တယ်။ ဗီရိုနာ၊ ဘိုလော့ဂ်နာတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ရိုးမားအ သင်း ခံစစ်အမှားများခဲ့တယ်။ နာပိုလီအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။
လာဇီယို - ဘိုလော့ဂ်နာ (တနင်္လာနံနက် ၂း၁၅ နာရီ)
(၂)သင်းစလုံးပုံစံကောင်းပြနေကြပြီး ဖျော်ဖြေမှုဆန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်တယ်။ လတ်တလော ကွင်းတွင်း ခြေစွမ်းနဲ့ ရလဒ်ပိုင်းအရ လာဇီယိုပိုကောင်းပေမဲ့ ဘိုလော့ဂ်နာ ရဲ့ တိုးတက်လာတဲ့ အခြေအနေကိုလည်း အသိအမှတ်ပြုရမယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး လာဇီယိုကပ်နိုင်မယ်။