Eleven Media Group

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

ဗီလာရီးယဲလ် နှင့် ဗယ်လက်ကာနို
ရီးယဲလ်ကို သရေကစားခဲ့တဲ့ ဗယ်လက်ကာနိုရဲ့ လတ်တလောခြေစွမ်းကို ဗီလာရီးယဲလ်အသင်း လျှော့တွက်လို့ မရပါဘူး။ ဗီလာရီးယဲလ်ကလည်း ယိမ်းယိုင်ချိန်ရောက်နေတာပါ။ ဒါပေမဲ့ ထိပ်တိုက်ဆုံတွေ့မှုအစဉ်အလာပိုင်းမှာ အသာစီးရထားတဲ့ ဗီလာရီးယဲလ် အိမ်ကွင်းမှာ အမှတ်လျော့ခံမယ်မထင်ပါဘူး။

အက်စ်ပန်ညို နှင့် ဗလင်စီယာ
ဗလင်စီယာအသင်းက အမှတ်ပေးဇယားအောက်ဆုံး ရောက်တဲ့အထိ ဒီရာသီမှာ ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်။ အက်စ်ပန်ညိုကလည်း အဆင့်(၁၈)ကအသင်းဖြစ်တာကြောင့် တန်းဆင်းဇုန်အမှတ်လုပွဲပါ။ အိမ်ရှင်အခွင့်အရေးကို အသုံးချမယ့် အက်စ်ပန်ညိုကိုပဲ ရွေးချင်ပါတယ်။

မူရင်းသတင်း — Eleven Media Group