
■ လာလီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်
ဂျီရိုနာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် နံနက် ၂:၃၀ နာရီ)
ဂျီရိုနာကတော့ နှစ်ကုန်မှပဲ လာလီဂါဘက်ကို အာရုံသေချာပြန်စိုက်ရမလို ဖြစ်နေတယ်။ ဗယ်လာဒိုလစ်အနေနဲ့ နည်းပြ ပြောင်းလဲထားပေမဲ့ ခံစစ်ပိုင်းအရမ်းအားနည်းတာကို တွေ့နေရတယ်။ ပြီးတော့ ဗယ်လာဒိုလစ်ရဲ့ အဝေးကွင်းအားနည်းမှုက အိမ်ရှင်ရဲ့နိုင်ပွဲပြန်ရှာလာမှုကို တားဆီးနိုင်ဖို့ မဖြစ်နိုင်သေးဘူး ထင်တယ်။ ဂျီရိုနာနဲ့ ဂိုးအများပဲ ကောင်းမယ်။
■ စီးရီးအေပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်
ဗီရိုနာ - အေစီမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၂:၁၅ နာရီ)
အေစီမီလန်က ရမှတ်လေလွင့်မှုများနေပြီး စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ နောက်ဆုံးပွဲမှာ ဂျီနိုအာကို အနိုင်မယူနိုင်ခဲ့ဘဲ သူတို့ရဲ့ တိုက်စစ်အစုအဖွဲ့က တည်ငြိမ်နိုင်ဖို့ အချိန်ယူရဦးမယ်။ ဗီရိုနာကလည်း ခံစစ်အရမ်းညံ့တဲ့အသင်းဖြစ်ပြီး နောက်ဆုံးပွဲမှာတော့ ပါးမားကို အနိုင်ကစားနိုင်ခဲ့တယ်။ ဒီပွဲတော့ အေစီမီလန် နိုင်ပွဲပြန်ရသင့်ပါပြီ။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်ကို အရေးနိမ့်ပြီး အခုရာသီ ရှုံးပွဲစတွေ့သွားတယ်။ အခုလည်း တိုက်စစ်မှူး ဟာရီကိန်း မပါချိန် နိုင်ပွဲတွေ ပြန်ဆက်လာတဲ့ လိုက်ပ်ဇစ်နဲ့ တွေ့နေလို့ ရုန်းကန်ရဦးမယ်ထင်တယ်။ နောက်ဆုံးတွေ့ဆုံမှု (၆)ပွဲမှာလည်း နှစ်သင်းစလုံး နှစ်ပွဲစီ အနိုင်ရထားပြီး ကျန်နှစ်ပွဲကတော့ သရေကျခဲ့တယ်။ ဘိုင်ယန်အသင်းက အိမ်ကွင်း(၄)ပွဲဆက် အနည်းဆုံး (၃)ဂိုးသွင်းပြီး အနိုင်ရထားပေမဲ့ ဟာရီကိန်း မက စားနိုင်ချိန်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ရင် အခက်အခဲ တွေ့နေတာ သတိပြုရမယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။