
တိုရီနို - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)
တိုရီနိုက ဘိုလော့ဂ်နာနဲ့တွေ့ဆုံတဲ့ အိမ်ကွင်းနောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ လက်ရှိခြေစွမ်းအရ ဘိုလော့ဂ်နာကို ပိုကောင်းတဲ့အသင်းလို့ ဆိုနိုင်ပေမဲ့ တိုရီနိုနဲ့ ဂိုးအနည်းကို ကြိုက်တယ်။
ဂျီနိုအာ - နာပိုလီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၁၁:၃၀ နာရီ)
ဂျီနိုအာက သရေပွဲတွေအရမ်းများနေပြီး ထိပ်သီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေဆိုရင်လည်း ရုန်းကန်ရလေ့ရှိတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ အေစီမီလန်ကို သရေကစားနိုင်ခဲ့တာကိုတော့ ချီးကျူးရမယ်။ နာပိုလီကလည်း လာဇီယိုကို ရှုံးခဲ့တဲ့ပွဲကလွဲလို့ နောက်ဆုံး (၅)ပွဲတွေမှာ သိပ်ပြီးအတိမ်းအစောင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် လူကာကူ ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း နာပိုလီအသင်းအတွက် အားသာချက်လို့ ဆိုရမယ်။ အဝေးကွင်းဖြစ်ပေမဲ့ နာပိုလီ နိုင်ပွဲဆက်ဦးမှာပါ။ နာပိုလီ အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်။
လက်ချီ - လာဇီယို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၂:၁၅ နာရီ)
လက်ချီက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ဂျူဗင်တပ်စ်လိုအသင်းကိုတောင် သရေကစားခဲ့တယ်။ လာဇီယိုကလည်း နောက်ပိုင်းမှာ နည်းနည်းလေးပြန်ကျလာတယ်။ ဒါပေမဲ့ ဒီပွဲတော့ လာဇီယိုကပ်နိုင်ဖို့များတယ်။ ဂိုးအနည်းကို ကြိုက်တယ်။