Eleven Media Group

■ လာလီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

Photo: AFP

ဗလင်စီယာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၇:၃၀ နာရီ)
ဗလင်စီယာရဲ့တိုက်စစ်အားနည်းမှုက အသင်းကို ဒုက္ခပေးနေတယ်။ အခုနောက်ပိုင်း အလာဗတ်စ်ကလည်း ကစားပုံမဆိုးဘူး။ ခံစစ်ပိုင်းလျော့နေပေမဲ့ တိုက်စစ်က ဂိုးရအောင် ကစားပြီး အမှတ်ရအောင် ယူနေတယ်။ ဗလင်စီယာကွင်းဆိုပေမဲ့ အိမ်ရှင် သရေလောက်ပဲ ကစားနိုင်မယ်ထင်တယ်။ ဂိုးလည်း နည်းနိုင်တယ်။


ရီးယဲလ်မက်ဒရစ် - ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၉:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ ဒဏ်ရာပြဿနာတွေကြားမှာ ပွဲဆက်တွေကလည်း များနေတယ်။ အခုလည်း ကြားရက်မှာ တိုက်ကြီးများဖလားလုပွဲအဖြစ် ပါချူကာနဲ့ သွားကစားထားရသေးတယ်။ လာလီဂါဘက်မှာလည်း အခုတလော ရီးယဲလ်မက်ဒရစ်ရဲ့ ရလဒ်တွေက သိပ်မငြိမ်လှဘူး။ လာလီဂါနောက်ဆုံး (၃) ပွဲမှာ (၁) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးထားတယ်။ အခု ရင်ဆိုင်ရမယ့် ဆီဗီလာကိုလည်း သိပ်လျှော့တွက်လို့ မရဘူး။ ဆီဗီလာကစားပုံက ရာသီအစောပိုင်းထက်စာရင် ပိုတိုးတက်လာနေပြီး ပိုငြိမ်လာတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းလိုအပ်ချက်ရှိနေ သေးပြီး အဝေးကွင်းအားနည်းနေသေးတာက ဆီဗီလာရဲ့ အားနည်းမှုတွေအဖြစ်ရှိနေသေးလို့ ရီးယဲလ်မက်ဒရစ်သာ အိမ်ကွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်ခဲ့ရင် ဆီဗီလာကို အနိုင်ရအောင် ကစားနိုင်ဖို့ ရှိတယ်။ ရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။


လီဟာနက်စ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
လီဟာနက်စ်ရဲ့ အသင်းလိုက်ကစားအားနဲ့ လုပ်အားနှုန်းက ကောင်းတယ်။ ပြီးတော့ လီဟာနက်စ်က အိမ်ကွင်းဆိုရင် တိုက်စစ်ပိုဖွင့်ကစားတတ်တာကိုလည်း တွေ့ရတယ်။ ဗီလာရီးယဲလ်ကတော့ ခုတလော ဂိုးနှုန်းကျသွားပြီး ရှုံးတွေလည်း ဆက်နေတယ်။ အဝေးကွင်းကစားပုံလည်း အားရစရာ သိပ်မရှိလှလို့ အိမ်ကွင်းဆိုရင် တိုက်စစ်ပိုကောင်းတတ်တဲ့ လီဟာနက်စ်နဲ့ ဂိုးအများပဲ ရွေးထားလိုက်မယ်။


လက်စ်ပါမားစ် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
အက်စ်ပန်ညိုရဲ့ လက်ရှိ အဝေးကွင်းကစားအားနဲ့တော့ အိမ်ကွင်းမှာ ပိုကောင်းလေ့ရှိတဲ့ လက်စ်ပါမားစ်ကို ကျော်လွှားနိုင်ဖို့ မလွယ်လှဘူး။ ခြေမှန်နေတဲ့အပြင် အိမ်ရှင် အားသာချက်လည်းရှိနေတဲ့ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းပဲ ရွေးထားရမယ့်ပွဲလို့ ထင်တယ်။


ဘက်တစ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၃ ရက် နံနက် ၂:၃၀ နာရီ)
ဘက်တစ် ခြေစွမ်းပြန်တွေ့လာသလိုပဲ။ ခံစစ်ပိုင်းက ပျော့သွားသလို တွေ့ရပေမဲ့လည်း တိုက်စစ်က ဂိုးတွေရအောင် ပိုကစားနိုင်တာလာကို တွေ့ရတယ်။ ဗယ်လက်ကာနိုက ကစားပုံ ပုံမှန်ရှိနေပေမဲ့ ဒီရာသီ အဝေးကွင်း ကစားပုံနည်းနည်းလျော့သွားတယ်။ ခြေစွမ်းပြန်တွေ့နေတဲ့အပြင် အိမ်ကွင်းဆိုရင် ပိုစွာတတ်တဲ့ ဘက်တစ်ကိုပဲ ကြိုက်တယ်။ ဂိုးလည်း များသွားနိုင်ပါ တယ်။

မူရင်းသတင်း — Eleven Media Group