Myanmar Transparency News

စမ်းချောင်းမြို့နယ်မှာ နေ့ခင်းကြောင်တောင်လူစည်ကားချိန် လူရွယ်တစ်ဦး ဓားခုတ်ခံရမှု ဖြစ်ပွား

၈.၈.၂၀၂၅
Written by Hey Mar

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ် ရွှေပြည်အေးကွန်ဒိုအရှေ့မှာ လူရွယ်တစ်ဦး ဓားခုတ်ခံရတဲ့ဖြစ်စဥ် ဒီနေ့ ဩဂုတ် ၈ ရက် နေ့လယ် ၂နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအခြေစိုက် လူမှုကူညီရေးအသင်းတချို့ထံက‌နေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ် ၊ ရွှေပြည်အေးကွန်ဒိုအရှေ့မှာ လူတစ်ဦးဓားခုတ်ခံထားရကာ လဲနေကြောင်းသတင်းအရ အခင်းဖြစ်ပွားရာနေရာဆီ ဒေသခံလူမှုကူညီ‌ရေး အသင်းအဖွဲ့‌ တွေက မြေပြင်အကူအညီ သွားရောက်ရာ ဓားခုတ်ဒဏ်ရာတွေနဲ့ သွေးထွက်လွန်နေတဲ့ လူနာကိုစမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၊ အနာဂတ်အလင်းတန်း လူမှုကူညီရေး အသင်းတို့က လိုအပ်တဲ့ မြေပြင်ကုသမှုတွေ ပြုလုပ်ပေးခဲ့‌ပြီး ဆေးရုံ အမြန်တင်ပို့နိုင်ရေး ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရဲဆေးစာနဲ့ အတူ အနာဂတ်အလင်းတန်းပရဟိတအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း ကနဦး သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News