Myanmar Transparency News

မိဘနှင့်ဝေးနေသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ဓားဖြင့်ထိုးသတ်ခံရမှု မြစ်ကြီးနားတွင် ယနေ့ ဖြစ်ပွား

၂၉.၉.၂၀၂၅
Written By Min Thet

မိဘနှင့်ဝေးနေသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ဓားဖြင့်ထိုး အသတ်ခံရမှု ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ယနေ့ စက်တင်ဘာလ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဆုတောင်းပြည့်အနီးတွင် ဓားဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းကို မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းက မြစ်ကြီးနားဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ကာ ယင်းမှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ရာဒါကောင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ် မိုးညှင်းဇာတိ မနုငယ်လှိုင် ဆိုသူ ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် အသတ်ခံရသည်ကို မသိရသေးသလို လူသတ်မှု ကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

“မိဘက တရုတ်ပြည်မှာ။ ဆွေမျိုးက မိုးညှင်းမှာ။ ကောင်မလေးက သူနာပြုအကူသင်တန်းတက်ရင်း အဆောင်ငှားနေတယ်လို့ သိရပါတယ်ခင်ဗျ။ ဒီနေ့ ပဲ နာရေးလုပ်ပါတယ်။ မိုးညှင်းမြို့က သူ့ဆွေမျိုးတွေ ရောက်ပါတယ်။ မီးသင်္ဂြိုဟ်ပြီးပါပြီ” ဟု မြေပြင်တွင် လိုက်ပါကူညီသူက MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News