Myanmar Transparency News

ပန်းရန်လုပ်သားတစ်ဦး ဝါယာကြိုးနှစ်စကို ကိုင်ကာ မီးပလပ်ပေါက်ထဲ ထိုးသွင်းစဉ် ဓာတ်လိုက် သတိလစ်မေ့မြောခဲ့ပြီး ဆေးရုံအရောက်သေဆုံးမှု မိတ္ထီလာမှာဖြစ်ပွား

၁၇.၁.၂၀၂၆
Written by Thiri

ပန်းရန်လုပ်သားတစ်ဦး ဝါယာကြိုး နှစ်စကိုကိုင်ကာ မီးပလပ်ပေါက်ထဲ ထိုးသွင်းစဉ် ဓာတ်လိုက်ရာက သတိလစ်မေ့မြောခဲ့ပြီး ဆေးရုံအရောက်သေဆုံးမှု ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်ဇင်းရပ်ကွက်၊ နယ်မြေ(၁၆)ရှိ တစ်ထပ်တိုက်ဆောက်လုပ်တဲ့ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ပန်းရံလုပ်သားက Bluetooth box ဖွင့်ဖို့ မီးပလပ်‌ခေါင်းမပါတဲ့ လျှပ်စစ်ကြိုးနှစ်စကို ကိုင်ကာ ဖိနပ်မပါဘဲ ပလတ်ခုံတစ်ဖက်ကကိုင်လျက် မီးပလပ်ထဲ ထိုးသွင်းစဥ် သတိလစ်မေ့မျောသွားတာ‌ကြောင့် မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ကုသစဥ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူမှာ မောင်အောင်သော်ခန့်၊ အသက် (၁၉ နှစ်) လို့ သိရှိရပြီး ကဖြူအုပ်စု၊ ညောင်ကားယားကျေးရွာမှာ နေထိုင်သူလို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကနေ နေရပ်ဆီကို ပရဟိတအသင်းယာဉ်နဲ့ ပို့ဆောင်ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News