Myanmar Transparency News

ဆင်ပေါင်ဝဲ၊ ကြေးခိုင်မရွာတွင် နေအိမ်၌ရှိနေသော ညီအစ်မနှစ်ဦးကို PDF များက ဒလန်ဟုဆိုကာ ပစ်သတ်သဖြင့် နှစ်လောင်းပြိုင်သေဆုံး

နေမိုး
၁၈. ၁. ၂၀၂၆

ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မရွာတွင် နေအိမ်၌ရှိနေသော ညီအစ်မနှစ်ဦးကို PDF များက ဒလန်ဟုဆိုကာ ပစ်သတ်လိုက်သဖြင့် နှစ်လောင်းပြိုင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာနေ ဒေါ်သီတာရီ(၃၅)နှစ်သည် အစ်မဖြစ်သူ ဒေါ်လင်းလင်းခိုင်(၄၀)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News